DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် ၁ လအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်၊ ဒုတပ်ရင်းမှူးအပါအဝင် ၂၀၀ နီးပါးသေ
DVB
·
February 3, 2022
ဖာပွန်ခရိုင်တွင် ၁ လအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်၊ ဒုတပ်ရင်းမှူးအပါအဝင် ၂၀၀ နီးပါးသေ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ  တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၂၀၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့တပ်တွေက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။

စစ်ကောင်စီရဲ့ တပ်၊ လက်အောက်ခံ နယ်ခြားစောင့်(BGF) တပ်ဖွဲ့တွေနဲ့ KNLA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တပ်ဘက်က  ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၉၄ ဦးသေဆုံးပြီး၊  တပ်ရင်းမှူး ၂ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ ဒု တပ်ခွဲမှူး ၁ ဦးနဲ့ ဒုတပ်စုမှူး ၁ ဦး အပါအဝင် ၂၀၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ဘက်က ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီရဲ့တပ်တွေက အရပ်သား​ပြည်သူတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက်  ဒေသခံကျေးရွာသား ၅ ဦးသေဆုံးပြီး၊ ၁၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့တပ်ဘက်က မြေပြင်လက်နက်ကြီး အလုံးပေါင်း ၁၈၂ လုံးပစ်ခတ်ခဲ့သလို  လေကြောင်းကနေ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဗုံး ၁၄ လုံး ကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံတချို့ ၊  တိရိစ္ဆာန်တွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာ၊ ဥယျာဥ် ခြံမြေတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတင်ပို့ရာမှာအသုံးပြုတဲ့ စစ်သုံးယာဉ် ၂၀ စီးနဲ့ မြင်းလား ၄ ကောင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ လည်း KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013