DVB Logo
Home
မြန်မာသတင်း
အာဏာခွဲဝေရေးလုပ်ဆောင်ရန် အကြံပြုခဲ့ခြင်း လုံးဝမရှိဟု ကုလအထူးကိုယ်စားလှယ် ဖြေရှင်း
DVB
·
February 3, 2022
အာဏာခွဲဝေရေးလုပ်ဆောင်ရန် အကြံပြုခဲ့ခြင်း လုံးဝမရှိဟု ကုလအထူးကိုယ်စားလှယ် ဖြေရှင်း
Donate to DVB

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ အာဏာခွဲဝေရေးလုပ်ဆောင်ဖို့  အကြံပြုခဲ့တာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ နိုလင်းဟေဇာက ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စစ်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှ CNA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ အာဏာခွဲဝေရေးဆိုတဲ့ အသုံးအနှုန်းနဲ့အတူ  ဒါကို  ကုသသမဂ္ဂအထူးသံတမန်တယောက်က နည်းလမ်းတခုအနေနဲ့ အကြံပြုတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အထူးသံမန်ရုံးကနေ ဖေဖော်ဝါရီ ၂ ရက်နေ့စွဲနဲ့ ပြန်လည်ဖြေရှင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ထင်ဟပ်စေတဲ့ ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေနဲ့အညီ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနဲ့ အားလုံးပါဝင်နိုင်တဲ့ မြန်မာ့အနာဂတ်ကို ဒေသတွင်း စည်းလုံး ညီညွတ်မှုကို အခြေခံတဲ့ နိုင်ငံတကာ မဟာဗျူဟာနဲ့ ပံ့ပိုးပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အခန်းကဏ္ဍအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ် ရေးတိုက်ခိုက်မှုတွေအားလုံးကို အမြန်ဆုံးရပ်တန့်ပစ်ဖို့ လိုအပ်ပြီး သူ့အနေနဲ့  တပ်မတော် ဟာ ပြည်သူ့ဆန္ဒနဲ့အညီ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာခွဲဝေရေးကိစ္စ ဒေါက်တာ နိုလင်းဟေဇာက ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့   ကန့်ကွက်တဲ့ အကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၄၇ ဖွဲ့ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

Photo- CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013