DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကင်းစခန်း၊ တိုးဂိတ်နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
February 3, 2022
စစ်ကိုင်းတိုင်းတွင် ကင်းစခန်း၊ တိုးဂိတ်နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မြင်းမူမြို့မှာ ဖေဖော်ဝါရီ ၂ ရက်က ပျူစောထီးစခန်းတစ်ခုနဲ့  မြို့အဝင်တိုးဂိတ်တို့ကို  မြင်းမူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျေးရေတစ်ရွာကို လေကြောင်းပစ်ကူများအပြုပြီး ဝင်ရောက်အကြမ်းဖက်တပ်စွဲခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ရော အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြင်းမူမြို့အဝင်တိုးဂိတ်ကို ဗုံး ၆ လုံးနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ MMUPDF က ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့ဝင်တိုးဂိတ်ကို MMUPDF ဦးဆောင်ပြီးတော့ Black Eagle Defence Force MMU၊ မြင်းခြံလျှပ်စီးပြောက်ကြားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ -CDSOM စတဲ့ မဟာမိတ်တပ်ဖွဲတွေ ပူးပေါင်းဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့က သင်တန်းပေးနေတဲ့ ပျူစောထီးစခန်းတစ်ခုကို GTR MMU ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စခန်းအတွင်း ပျူစောထီးတွေရဲ့ အလှူရှင်စာရင်းတွေ၊ အခြားစာရွက်စာတန်းတွေကို သိမ်းယူခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ကြောင်း၊ ပျူစောထီးတွေကတော့ ထွက်ပြေးသွားကြတယ်လို့ GTR MMU တပ်ဖွဲ့က ဆိုပါတယ်။

ပျူစောထီးခစန်းကို GTR MMU ၊ MMDF –ZERO ပြောက်ကျားတပ်ဖွဲ့၊ MMU BTK ၊ Ngazun ‘s Heroes ၊Ngazun FIGHT STAR တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာက စစ်ကောင်စီရှေ့တန်းကင်းစခန်းတစ်ခုကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂ ရက်နေ့က  တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ TTA ပြောက်ကြားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစခန်းကို 27 Revolution Force (မြင်းခြံ)၊ TTA ပြောက်ကြားတပ် (တောင်သာ) ၊မြေလတ် PDF (တောင်သာ)၊ Natogyi Regional PDF (နွားထိုး) ၊MSPDF (မြောင်)၊ Urban Underground Revolution Force စတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၃၀ လောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၅ နာရီလောက် နတ်မြောင်း ဘက်လမ်းမကြီးဘေးဝဲယာကနေ စစ်ကောင်စီတပ်အင်အား ၃၀‌ လောက် ဖြန့်တက်လာချိန်မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ်က အသင့်တပ်ဆင်ထားတဲ့ မိုင်း ၂၈ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး  မိုင်းထိမှန် ဒဏ်ရာရသူတွေကို ကားပေါ်တင်ဆောင်ကာ ကလေးမြို့နယ်တောင်ပိုင်းကို ဆက်လက်ထွက်ခွာသွားပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကလည်း ကလေးနည်းပညာတက္ကသိုလ်ကနေ စစ်ကြောင်းဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သာယာကုန်းရွာရဲ့ မြောက်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013