DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းကို NUG အစိုးရသက်တမ်းနှင့်အညီ သတ်မှတ် ပြဋ္ဌာန်း
DVB
·
February 2, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းကို NUG အစိုးရသက်တမ်းနှင့်အညီ သတ်မှတ် ပြဋ္ဌာန်း
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်တဲ့ ဥပဒေကို ဒီကနေ့ ဖေဖော်ဝါရီ  ၂ ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်း လိုက်ပါတယ်။

ဒီဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမှာဖြစ်ပြီး အချက် ၂ ချက်နဲ့ အစားထိုးရ မယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ၂၀၂၁ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကို  “(က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်။”လို့ အစားထိုး လိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၇ ကိုတော့  “၇။ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။”လို့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထားပြီး ပုဒ်မမျိုးစုံနဲ့ တရားစွဲထားကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သလို မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုတွေဟာလည်း အရှိန်အဟုန်နဲ့ ဆက်လက်ပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ၂၀၂၁ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013