DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၅၅ ဦး ဖမ်းဆီးခံရ
DVB
·
February 2, 2022
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၅၅ ဦး ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်လုံခြုံမှု မရှိ၊ စားဝတ်နေရေး ခက်ခဲတာတွေကြောင့် ထိုင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားရင်းနဲ့ အဖမ်းခံရတာတွေ နေ့စဉ်ရာနဲ့ချီရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ကန်ကျနပူရီ နဲ့ ပရကျူတ်ခီရီခန်ခရိုင်နှစ်ခုထဲမှာ  ၃၅၅ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ကန်ကျနပူရီခရိုင် ကန်ကျနပူရီမြို့နယ် ပရဒူဒန်ကျေးရွာအုပ်စု ဟွေ့နမ့်ခေါင်၊ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ချောင့်ကာလေ စတဲ့ ကျေးရွာထဲက နေရာပေါင်း ၆ ခုမှာ (ကျား ၁၆၀၊ မ ၉၁) စုစုပေါင်း ၂၅၁ ဦး ဖမ်းမိပြီး တချို့ဟာ ရေထဲကဖြတ်လျှောက်လာစဉ်  ဖမ်းမိတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ခလောင်းဝမ်မြို့နယ် နားထောင်းအုပ်စု၊ အောဝ်နွဲ့အုပ်စု နဲ့ ကော်လတ်မြို့နယ် မာ့ခန်ဖုန်းအုပ်စု စတဲ့နေရာ ၃ ခုကနေ စုစုပေါင်း ၁၀၄ ဦး (ကျား ၅၉ ၊ မ ၄၅) တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ဟာ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မကွေး၊ ရခိုင်၊ နေပြည်တော်၊ ထားဝယ်၊ မန္တလေး၊ ဧရာဝတီ၊ ဘားအံ စတဲ့ နယ်အစုံကဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့အလယ်ပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၇,၀၀၀ ထိ ပေးခဲ့ကြရတယ်လို့  ထိုင်းစစ်တပ် Army PR Center သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013