DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့ အဝင်တိုးဂိတ် ဖောက်ခွဲခံရ
DVB
·
February 2, 2022
မြင်းမူမြို့ အဝင်တိုးဂိတ် ဖောက်ခွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ-မန္တလေးသွား လမ်းပိုင်းမှာ လမ်းအသုံးပြုခ ကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ တိုးဂိတ်တစ်ခုကို  ဖေဖော်ဝါရီ ၁ ရက် ည ၁၂ နာရီလောက်က  ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖောက်ခွဲမှုကြောင့် တိုးဂိတ်မှာရှိတဲ့ ငွေကောက်ခံတဲ့နေရာတခုလုံး မှန်တွေကွဲကာ ပျက်စီးသွားသလို တိုးဂိတ် ပင်မအဆောက်အဦရဲ့ မျက်နှာကြက်တွေလည်း ပျက်စီးသွားပြီး လမ်းပေါ်မှာ အပျက်အစီး အပိုင်းအစတွေကို မြင်တွေ့ရပါတယ်။ 

တိုးဂိတ်လုံခြုံရေးတွေ အပါအဝင် ၅ ယောက် ၆ ယောက်လောက်လည်း ထိခိုက် ဒဏ်ရာရသွားကာ ဒဏ်ရာအခြေအနေတော့  မစိုးရိမ်ရဘူးလို့ ဖောက်ခွဲရာမှာ ပါဝင်တဲ့  မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့  CDSOM အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါပေမဲ့ လူတွေထိခိုက် သေဆုံးမှု ရှိမရှိအခြေအနေကိုတော့ ဒီဗွီဘီက အတိအကျ အတည်ပြုလို့ ရသေးပါဘူး။ 

စစ်ကောင်စီတပ်က မြင်းမူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခုလို လက်တုံ့ပြန် တိုက်ခိုက်ရတာဖြစ်တယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

အဲဒီမြင်းမူတိုးဂိတ်ကို မိုင်း ၆ လုံးအသုံးပြုပြီး ဖောက်ခွဲခဲ့ကာ စစ်ကောင်စီရဲ့အာဏာသိမ်းခံရတာ တစ်နှစ်ပတ်လည်နေ့  ပြည်သူတွေရဲ့ Silent Strike အောင်မြင်မှုကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ ဖောက်ခွဲခဲ့တဲ့အဖွဲ့ကဆိုပါတယ်။

တိုးဂိတ်ကို People's Defence Force Myinmu (MMUPDF)ကနေဦးဆောင်ပြီး Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM တို့က ပူးပေါင်းပါဝင်ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013