DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာအနီးက စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
February 2, 2022
ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာအနီးက စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ရွှေဘို မဟာမိတ်ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Snake Eyes(Shwebo) ပြည်သူ့ကာကွယ်ရေးတပ်သတင်းပြန်ကြားရေးတာဝန်ခံက  “ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၂ ယောက်ကျပြီး ၁ ယောက်ဒဏ်ရာရပါတယ်။ ကျနော်တို့ ဒရုန်းနဲ့ဗုံးသယ်ပြီး ပစ်ချတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၁ လုံးပါ၊ ကပစထုတ် အီနာဂါဗုံးသီးနဲ့ပါ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ ချက်၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသခံမဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ အသံတိတ်သပိတ် အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဗုံးကြဲတိုက်ခိုက်တာလို့ Snake Eyes ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။

ညောင်ကိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရွာစိုး၊ ပေါက်ချိုင်၊ ဆင်အင်း၊ ရုံးတော စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွင်း ပစ္စည်းတွေကို လုယက်ခိုးယူတာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကို Snake Eyes –PDF၊ The Guyd Of Burma Revolution Force (BGRF) နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013