စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၂၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ဖေဖော်ဝါရီ ၁ ရက် မနက် ၂ နာရီလောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပစ်ခတ်သံတွေကြောင့် ရဲတပ်ရင်းပတ်ဝန်းကျင်အနီးမှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ ကြောက်လန့်ပြီး နေအိမ်တွေမှာမနေရဲကြဘဲ ညတွင်းချင်းထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြာချိန်ဟာ ၁ နာရီဝန်းကျင်ခန့်ထိကြာခဲ့ပြီး အချိန်ခြားပ စ်ခတ်နေကြသလို PDF အဖွဲ့တွေက အဝေးကနေပစ်ခတ်တ ာဖြစ်နိုင်ကြောင်း၊ ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေဟာ ရဲတပ်ရင်းအနောက်ဘက် လယ်ကွက်တွေအတွင်းသာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်မှုတစ်စုံတရာမရှိဘူးလို့ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာရှိပြီး မနက်မိုးလင်းပိုင်းမှာတော့ ရဲတပ်ရင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းအတွင်းနဲ့ အပြင်တွေပါထွက်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
အခုလိုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးသလို ထုတ်ပြန်ကြေတားလည်း မရှိသေးပါဘူး။