DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တညတည်း မြန်မာ ၂၃၅ ဦး ဖမ်းဆီးခံရ
DVB
·
February 1, 2022
ကန်ကျနပူရီတွင် တညတည်း မြန်မာ ၂၃၅ ဦး ဖမ်းဆီးခံရ
1 / 7
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်စည်းစည်လုံခြုံမှုမရှိတာနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ဖို့ကြိုးစားရာမှ နေ့စဉ်ပျှမ်းမျှ ရာချီ အဖမ်းဆီးခံနေရပြီး မနေ့ကလည်း ကန်ကျနပူရီခရိုင်မှာ ၂၃၅ ဦး ဖမ်းဆီးခံရပါတယ်။ 

ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီအချိန်က ဘန့်ကောဝ်မြို့နယ် ဟွေ့နမ့်ခေါဝ်ကျေးရွာအုပ်စုထဲမှာ ၈၈ဦး (ကျား ၆၀ + မ ၂၈ )၊ အဆိုပါအုပ်စုထဲမှာဘဲ ညနေ ၆ နာရီခွဲမှာ နောက်ထပ် ၉၇ ဦး (ကျား၆၀ + မ ၃၇) နဲ့ ည ၇ နာရီလောက်က ဆန်ခလပူရီ နောင်လူးကျေးရွာအုပ်စုထဲမှာ အယောက် ၅၀ (ကျား ၃၁ + မ ၁၉) စုစုပေါင်း ၂၃၅ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့တွေဟာ ပဲခူး၊ မော်လမြိုင်၊ ရခိုင်၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ဒေသတွေကလာပြီး စမွတ်စခွန်း၊ ချွန်းပူးရီး၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ နဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ပွဲစားအား ၁ ဦးကို ဘတ် ၂ သောင်းမှ ၃ သောင်းထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ဆိုင်းယုတ်မြို့နယ်က နေရာ၂ ခု နေ့ခင်း ၁၂ နာရီခွဲမှာ ၅၄ ဦး၊ ညနေ ၆ နာရီမှာ ၅၁ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

ဆိုင်းယုတ်မြို့နယ်ထဲမှာ ၂၈ ရက်နေ့ညက တရားမဝင်မြန်မာ ၁၀ ဦး တင်ဆောင်လာတဲ့ ကားတစ်စီး စစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ မောင်းပြေးလို့ လုံခြုံရေးတပ်ဖွဲ့ဝင်က သေနတ် ၅ ချက်ပစ်ခတ်ခဲ့ရာ မြန်မာလုပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းစွာ ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013