DVB Logo
Home
မြန်မာသတင်း
BGF ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်၌ ၃ လအရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
January 31, 2022
BGF ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်၌ ၃ လအရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
Donate to DVB

ကေအန်ယူထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် ထီးသဘလူထားကျေးရွာအုပ်စုရှိ ထီးလော်သီထကျေးရွာထဲကို စစ်ကောင်စီလက်အောက်ခံ BGF 1013 တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၃ လအရွယ် သမီးငယ်လေးတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးသွားပြီး ရွာသား ၅ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်  ညနေ ၆ နာရီက ဖာပွန်(မူတြော်ခရိုင်) တောင်သုံးလုံးအခြေစိုက်တပ်စခန်းကနေ ကရင်နယ်ခြားစောင့်တပ် BGF 1013 က ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ မူတြော်သတင်းက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ အသက် ၃ လအရွယ် သမီးငယ်တယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်တို့ဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် ၅ ယောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကော်သူးလေ ကျန်းမာရေးဝန်ထမ်းတွေက ဘေးကင်းရာနေရာမှာ ဆေးဝါးကုသပေးနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013