DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
DVB
·
January 31, 2022
လွိုင်ကော်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
Donate to DVB

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကုန်းဆွတ် ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းတည့်ချိန်ကနေ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၆ ဦးသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဘက်က တပ်သား ၁ ဦးကျဆုံးသွားတယ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၁၁ နာရီကျော်ကလည်း လွိုင်ကော်မြို့ ခလရ ၂၅၁ တပ်အနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ကုန်းဆွတ်ကျေးရွာအနီမှာ ဇန်နဝါရီ ၂၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်မ (၅၅)တပ်ရင်းဟာ လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်နဲ့ ဘာဒိုကျေးရွာတွေမှာ စစ်ကြောင်းထိုးနေပြီး အဲဒီကျေးရွာအတွင်းရှိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013