DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ညီလာခံကို ဦးခွန်မြင့်ထွန်း PNLO အနေဖြင့်တက်ရောက်ခဲ့ခြင်း မဟုတ်ဟုဆို
DVB
·
January 30, 2022
ပြည်သူ့ညီလာခံကို ဦးခွန်မြင့်ထွန်း PNLO အနေဖြင့်တက်ရောက်ခဲ့ခြင်း မဟုတ်ဟုဆို
1 / 2
Donate to DVB

ဇန်နဝါရီလ ၂၂ ရက်က စတင်ကျင်းပခဲ့တဲ့ ပြည့်သူ့ ညီလာခံမှာ ဦးခွန်မြင့်ထွန်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေနဲ့ တက်ရောက်ခဲ့တာမဟုတ်ဘူးလို့ PNFC က ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ပြုလုပ်တဲ့ ၃ ရက်ကြာ  ပြည်သူ့ညီလာခံမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း အပါအဝင် PNFC ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ပြည်သူ့ညီလာခံမှာ ဦးခွန်မြင့်ထွန်းအနေနဲ့ အဖွင့်အမှာစကား ပြောကြားခဲ့တာဟာ  PNFC ရဲ့  ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ပြောကြားခဲ့တာလို့ ထုတ်ပြန်ပါတယ်။

PNFC ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက်ပအိုဝ်း အမျိုးသားတော်လှန်ရေးနေ့မှာ ကျင်းပတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံမှာ ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။

ကဏ္ဍအသီးသီးက ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိမှာ ဦးခွန်မြင့်ထွန်းဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဒု- ဥက္ကဋ္ဌ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီ အချိန်မှာတော့ ပြည်သူ့ ညီလာခံနဲ့ပတ်သက်ပြီး သတင်းစာရင်းလင်းပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013