DVB Logo
Home
မြန်မာသတင်း
Foeim တွင် တက်ရောက်သူ CDM ကျောင်းသား သောင်းချီရှိနေ
DVB
·
January 30, 2022
Foeim တွင် တက်ရောက်သူ CDM ကျောင်းသား သောင်းချီရှိနေ
Donate to DVB

ကြားဖြတ်ကာလ စဉ်ဆက်မပြတ်ပညာရေးကို အွန်လိုင်းစနစ်နဲ့အကောင်ထည်ဖော်နေတဲ့ Foeim မှာ တက်ရောက်သူ CDM ကျောင်းသား သောင်းချီရှိနေတယ်လို့ သိရပါတယ်။

Free Oline Educational Institution Myanmar (FOEIM) လို့ခေါ်တဲ့ လူထုအခြေပြုတဲ့ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခြေခံပညာ ၁ တန်းကနေ ၁၀ တန်းအထိ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားပေးနေတာပါ။

Free Oline Class တစ်ခုအဖြစ် တော်လှန်ရေးရဲ့ ရေချိန်မြင့်တက်နေတဲ့ ဧပြီလဆန်းပိုင်းကစတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့တဲ့ ကလာတစ်လျှောက်မှာ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ သောင်းဂဏန်းအထိရှိနေပြီး ဆရာအင်အားထောင်ကျော်နဲ့ အခမဲ့သင်ကြားပေးနေတယ်လို့ သိရပါတယ်။

စစဖွင့်ချင်းမှာ တက္ကသိုလ်ဝင်တန်းတစ်ခုကိုသာ သင်ကြားပေးပြီး နောက်ပိုင်းမှာ သင်ကြားမှုကို ထပ်တိုးအနေနဲ့ ၁ တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ 

ဒါ့အပြင် Eclass တွေပါ ဖွင့်လှစ်ထားပြီး နိုင်ငံတကာအဆင့်မီ ပညာရေးဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ 

ဒါသင်ဒါကျက်ပညာရေးစနစ်မျိုးမဟုတ်ဘဲ ကလေးတွေကို နားလည်သဘောပေါက်စေဖို့  လက်တွေ့လုပ်ဆောင်ရတဲ့ ဘာသာရပ်တွေကိုလည်း လုပ်ဆောင်နိုင်အောင်သင်ကြားပေး၊ ကူညီပေးနေပါတယ်။ 

စာသင်ကြားရေးမှာ CDM ဆရာ/ဆရာမတွေက Volunteer အဖြစ် ဝင်ရောက်ကူညီလုပ်ဆောင်ပေးနေကြပြီး CDM တက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းအတွက် လိုအပ်တဲ့ သင်ကြားရေးအထောက်အကူတွေအတွက် အကူအညီပေးနေတယ်လို့ သိရပါတယ်။

FOEIM ရဲ့ ဦးဆောင်သူ ကိုခန့်သူက  “ကိုဗစ်ကာလမှာ ကျောင်းတွေကာလကြာရှည်စွာ ပိတ်ထားတာတစ်ကြောင်း၊ တော်လှန်ရေးကြောင့်ပါ ကလေးတွေဟာ ပညာရေးနဲ့ ကင်းကွာနေခဲ့ရတာကြောင့် နိုင်ငံအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုမဖြစ်ရအောင် နိုင်ငံကို ဆင်းရဲတာထက် ပိုမဆင်းရဲအောင်၊ ဆုတ်ယုတ်တာထက်ပိုပြီး မဆုတ်ယုတ်ရလေအောင် ကြားဖြတ်ကာလပညာရေးကို မရရအောင် နည်းအမျိုးမျိုးနဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ တော်လှန်ရေးကာလမှာ ပညာရေးထက်တော်လှန်ရေးဟာ အရေးပါတယ်လို့ ပြောကြတာတွေကို နားလည်ပေမဲ့ တစ်ဖက်မှာ ကျနော်တို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွန်းလှန်နေတဲ့ စစ်ကောင်စီဟာ နှစ်ပေါင်း ၆၀ လုံး စနစ်ကျကျ ခိုင်ခိုင်မာမာတည်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါ့ကြောင့် ဒီလိုစစ်တပ်ကို နေ့ချင်းကြီး အပြီးအပိုင်ဖြုတ်ချတော်လှန်ဖို့ဟာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့အနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ကို တိုးမြှင့်ပြီး ဗျူဟာကျကျတော်လှန်ဖို့ ဒီနွေဦးတော်လှန်ရေးဟာ အရေးကြီးတယ်။ ဗျူဟာကျဖို့ ဗျူဟာရေးဆွဲဖို့ဆိုတာ ပညာရေးကအရေးပါပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဘက်တိုက်ထုတ်နိုင်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိတဲ့ကာလမှာ ကိုယ့်ဘက်ကလူ့ စွမ်းအားအရင်းအမြစ်ကို တိုးမြှင့်ထားဖို့လိုပါတယ်။ ဒါမှလည်း စစ်ကောင်စီပြိုလဲတဲ့အထိ အချိန်ကြာကြာတော်လှန်နိုင်မှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ 

FOEIM ဟာ အွန်လိုင်းပညာရေးစနစ်အပြင် မြေပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး ပညာရေးကို ဖော်ဆောင်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ CDM လုပ်ဆောင်ထားတဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ အဓိကအားထားရာဖြစ်နေပြီး CDM ဆရာ/ဆရာမတွေအတွက်လည်း ပညာအမွေ ဆင့်ကမ်းပေးနိုင်တာကြောင့် ပညာရေးအသိုင်းအဝိုင်းအတွက် ထောက်တိုင်ကောင်းတစ်ခု ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013