DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ဖမ်းသွားသည့် CDM ဝန်ထမ်း ၆ ဦး ပြန်လွတ်
DVB
·
January 30, 2022
စစ်ကောင်စီတပ် ဖမ်းသွားသည့် CDM ဝန်ထမ်း ၆ ဦး ပြန်လွတ်
Donate to DVB

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းသွားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့က CDM ဝန်ထမ်း ၇ ဦးအနက် ၆ ဦး ပြန်လွှတ်ပေးပေမဲ့ တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့  ဖလမ်းဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ  ၂၈ ရက်က ၃ ဦးနဲ့ ၂၉ ရက်မှာ နောက်ထပ် ၃ ဦးကို  လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန် တစ်ဦးကိုတော့ ထပ်မေးစရာ ရှိတယ်ဆိုကာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “အပြစ်မရှိဘဲ ဖမ်းပြီး ပြန်လွှတ်ပေးတာကို အလကားနေရင်း ကျေးဇူးတင်နေ ရမလိုပဲ။ ဟုတ်တယ် ဖမ်းတဲ့ထဲမှာ Non CDM တစ်ယောက်လည်း ပါတယ်။ ဘာလို့ဖမ်းတာလဲ အတိအကျတော့ မသိဘူး။ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းတာလို့တော့ သိထားတယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်ကြားခံရတာကြောင့် CDM ဝန်ထမ်း ၇ ဦး ဇန်နဝါရီ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ထဲမှာ Non CDM တစ်ဦးလည်း ပါဝင်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရုံးမတက်ကြတော့တာကြောင့် အလုပ်က ထုတ်ပယ်ခံရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းနဲ့ ကလေးမြို့နယ်တဝိုက်မှာ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကြပြီး ဒေသခံပြည်သူ အများစုထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းထဲက ပြည်သူ ၁၅ ဦးလောက်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသူတွေ ရှိနေတယ်လို့လည်း စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း ဖလမ်း-ကလေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ CNDF တို့ ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးခဲ့သေးတယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၁၉ ရက်ကလည်း ဖမ်းမြို့နယ် လာသီးကျေးရွာက ကုလမ်ဖာမ် ကျေးရွာတောင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်က ၈ ဦးသေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ထား ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013