DVB Logo
Home
မြန်မာသတင်း
လင်းကတောရဲစခန်းနှင့် ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းကို PDF သုံးဖွဲ့ ပူးပေါင်းသိမ်းပိုက်
DVB
·
January 30, 2022
လင်းကတောရဲစခန်းနှင့် ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းကို PDF သုံးဖွဲ့ ပူးပေါင်းသိမ်းပိုက်
1 / 4
Donate to DVB

မြိုင်၊ ရေစကြိုနဲ့ ဆားလင်းကြီးမြို့နယ်တို့က မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်းပြီး ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ် လင်းကတော ရဲစခန်းနဲ့ ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းတခုတို့ကို တိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ G-3 ၅ လက်နဲ့ ကျည် ၄၀၀၊ အူစီ ၃ လက်နဲ့ ကျည် ၂၀၀၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး၊ ပရင်တာ ၁ လုံး၊ ဆိုင်ကယ် ၄ စီးနဲ့ အခြားစစ်ဘက်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်  မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲက ၁ နာရီလောက် ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

“စခ၊ ရခများမှာ ဒဏ်ရာများဖြင့် စခန်းစွန့်ခွာထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များအား ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန်မှာကြားပြီး လွှတ်ပေးခဲ့ကြပါတယ်” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လင်းကတောရဲစခန်းဟာ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြား နယ်နိမိတ်ဆုံရာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။ 

ရေစကြိုမြို့ဟာ ၂၅၆ တပ်၊ ၂၅၇ တပ်နဲ့ ၂၅၈ တပ် စတဲ့ စစ်ကောင်စီတပ် ၃ တပ် တည်ရှိ အခြေစိုက်တဲ့ မြို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်  ရေလယ်ကျွန်းဒေသက ကျေးရွာတွေနဲ့ မြိုင်မြို့နယ်က ကျေးရွာတွေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နှိပ်စက်တာ၊ ကျေးရွာတွင်းပြည်သူ့ပစ္စည်းတွေကို လုယူတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Photo -yso pdf

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013