DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် ပျူစောထီး ၁ ဦး မိုင်းထိမှန်သေဆုံး
DVB
·
January 29, 2022
မြောင်မြို့နယ်တွင်  ပျူစောထီး ၁ ဦး မိုင်းထိမှန်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အတူပါလာတဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ယောက် ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက်  မိုင်းဆွဲခံရပြီး နေရာတင်သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့  CDSOM ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က  နဘတ်ရွာရဲ့ အနောက်ဘက် ကံတရာကွေ့အကျော်မှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးသွားသူထံကနေ စကားပြောစက်နဲ့ ပျူသင်တန်း အပတ်စဥ် ၂ တပ်ထားတဲ့ စာရွက်တွေရလိုက်တယ်လို့ CDSOM က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့အကြီးကဲကိုမင်းခေါင်က “သူတို့ကတပ်ဖြန့်ထားတယ်။ နဘတ်ရွာနဲ့ ဗရင်ဂျီဘက်မှာ ကင်ပုန်းဝပ်နေတာတွေရှိနေတယ်။ အခုဟာက ပြည်သူ့ဆိုင်ကယ်ကိုယူကာ ပြည်သူပုံစံနဲ့ ဆိုင်ကယ် ၃ စီးနဲ့  နယ်ကျွံထွက်လာလို့ ကျနော်တို့ အခုလို မိုင်းဆွဲလိုက်တာ။ ပထမကတစ်ခေါက်ထွက်လာတုန်းက အရပ်သားပဲထင်နေတာ။ နောက်ပိုင်း သုံးလေးခေါက်လောက်ထွက်လာတော့ ကျနော်တို့ ရိပ်မိလာတယ်။ ဒီထက်မကသေခြာအောင်လို့ သူတို့ကို အပေါ်စီးကနေ ဒရုန်းနဲ့လိုက်ပြီး စောင့်ကြည်တယ်။ သေခြာလို အခုလိုလုပ်လိုက်ရတယ်။”လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDMSOM) ရဲ့ နတ်မြင်း 02 အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၈ ရက်က  မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာကနေ နဘက်ကျေးရွာဘက်ကို  စစ်ကြောင်းထိုးခဲ့ကာ တပ်စွဲထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013