DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ
DVB
·
January 29, 2022
မြစ်ကြီးနားတွင် MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နဲ့ မြို့သစ်ကြီးရပ်ကွက် လမ်းဆုံမှာရှိတဲ့ Asia Energy ဆီဆိုင်ရှေ့က MPT ဆက်သွယ်ရေးပုံးကို ဇန်နဝါရီ ၂၉ ရက် ဒီမနက် ၃ နာရီလောက်က ဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက သိရပါတယ်။

MPT  ဆက်သွယ်ရေးစက်ပုံး မိုင်းခွဲခံရတာကြောင့် အနီးက နေအိမ်တလုံး  မိုင်းစထိမှန်ခဲ့ပြီး လူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ 

“ဗုံးကွဲသံ အကျယ်ကြီးထွက်လာတော့ အနီးအနားက အိမ်တွေလည်း လန့်သွားကြတယ်။ အဲဒီနားက အိမ်တစ်အိမ်ကိုတော့ တံခါးသံပေါင်၊ မှန်၊ သွပ်မိုး၊ ပြတင်းပေါက်သံပေါင်တွေကို မိုင်းစထိသွားတယ်။ Asia Energy ဆီဆိုင်ဘက်ကိုလည်း မိုင်းစတွေထိပြီး ပျက်စီးမှုတွေ ရှိတယ် ပြောတယ်။ ဒီမနက်ပိုင်းပဲ ဗုံးကွဲတဲ့နေရာ လာစစ်ပြီး မိုးကားအစိမ်းနဲ့ လာအုပ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ညမှာလည်း မြစ်ကြီးနားမြို့ နန့်ကျင်ကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး တာဝါတိုင်အောက်ခြေက စက်တွေပျက်စီးသွားခဲ့ပါတယ်။

Photo - CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013