DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် အမျိုးသမီး ၁ ဦး ဓားဖြင့် ဝိုင်းခုတ်ခံရ
DVB
·
January 29, 2022
မူဆယ်တွင် အမျိုးသမီး ၁ ဦး ဓားဖြင့် ဝိုင်းခုတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ကြာဖြူခန်းမလမ်းသွယ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီလောက်က  အမျိုးသမီးတစ်ယောက်ကို လူသုံး၊ လေးယောက်လောက်က  ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ ဒေသခံပရဟိတအဖွဲ့ကနေ  သိရပါတယ်။

သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက “ဖုန်းဆက် အကူအညီတောင်းလာလို့ သွားတာ၊ဟိုရောက်တော့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။ အသက်က သုံးဆယ်ကျော်၊ ကလေးနှစ်ယောက်အမေလို့ တော့ သိရတယ်။ ဦးခေါင်းမှာ ဓားဒဏ်ရာနှစ်ချက်၊ ညာဘက်လက်သုံးချောင်းနဲ့  ညာခြေချင်းဝတ် ပြတ်နေတာတွေ့တယ်၊ လူ သုံး လေးဦးက ဝိုင်းခုတ်တာလို့တော့  ဘေးပတ်ဝန်းကျင်က ပြောပြတယ်၊ ဘာကြောင့်ဖြစ်လည်းတော့မသိဘူး”လို့ ပြောပါတယ်။ 

ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဦးခေါင်းဘယ်ဘက်နောက်စေ့နဲ့ ဦးခေါင်းအလယ်ပိုင်း ပြတ်ရှဒဏ်ရာ၊ ညာဘက် လက်သန်း၊ လက်သန်းကြွယ်၊ လက်ညှိုး ပြတ်ထွက်ဒဏ်ရ၊ ညာဘက်ခြေချင်းဝတ် တုံးတိပြတ်ထွက်ဒဏ်ရာတွေ ရခဲ့​တယ်လို့ သိရပါတယ်။

ဓားခုတ်ခံရတဲ့လူနာကို နှလုံးလှလူမှုကူညီရေးအသင်း (မူဆယ်)၊ ကရုဏာလူမှုကူညီရေးအသင်း (မူဆယ်)တို့က ရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပြုစုပြီး မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ သတိပြန်ရလာပြီဖြစ်ပြီး ဦးခေါင်းဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့  ကရုဏာလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ မသိရသေးသလို တရားခံတွေကိုလည်း ရဲက ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ 

အခုကာလ မူဆယ်မြို့မှာ ခိုးဆိုးလုနှိုက်တွေ ပေါများလာနေသလို ‌လောင်းကစားနဲ့ မူယစ်ဆေးဝါးသုံးသူတွေလည်း များနေပြီးတော့ နေဝင်ရင် အပြင်ထွက်ဖို့ မသင့်တော်တော့တာကြောင့် အရင်ထက် ဂရုစိုက်သွားလာသင့်တယ်လို့ ကောင်းမှုတုံ ရပ်ကွက်နေ သူတစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013