DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်းဒဏ်ရာရ
DVB
·
January 29, 2022
ပခုက္ကူတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်းဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်းဒဏ်ရာရရှိသွားတယ်လို့ Pakokku Ranger တပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူမြိုမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့က ည ၁၀ နာရီကျော်လောက်မှာ PKU Ranger တပ်ဖွဲ့က မိုင်း ၂ ကြိမ်ဆွဲ ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PKU Ranger တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“PKU Ranger တပ်ဖွဲ့က စစ်ကောင်စီတပ်သားတွေကို ပထမတစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်တာဗျ။ အဲဒီမှာ ပေါက်ကွဲသံကြားပြီး လာစစ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒုတိယတစ်ကြိမ် ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်တော့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတာ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်ပေမယ့် PKU Ranger တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘူးလို့လည်း ပြောပါတယ်။

ပခုက္ကူမြို့ခံတစ်ယောက်ကလည်း  “ပန်းခြံနားလောက်မှာ မနေ့ည ၁၀ နာရီကျော်က ဗုံးပေါက်ကွဲသံ ၂ ကြိမ်ထက်မနည်း ကြားရတယ်ဗျ။ အဲဒီနောက်ပိုင်းမှာ သေနတ်ပစ်သံတွေ၊ အော်ဟစ်ဆဲဆိုသံတွေ ဆက်တိုက်ကြားရတယ်။ လူနာတင်းကားတွေလည်း အိမ်ရှေ့ကနေ ဖြတ်သွားတာတွေရတယ်။” လို့ပြောပါတယ်။

ပခုက္ကမြို့ အဝင်အထွက်ဂိတ်တွေနဲ့ လမ်းစုံလမ်းခွတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက တင်းကျပ် စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013