တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ ၄ ယောက်ကို ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးက ဇန်နဝါရီ ၂၈ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
ဦးပြည်စိုး၊ CDM ဆရာမ ဒေါ်လင်းမြတ်မြတ်မိုး၊ ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်းရပ်ကွက်မှူးဟောင်း ဦးအောင်စိုးနဲ့ ခွေးမဖောရွာသားကိုသက်ကိုဦးတို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၄ ရက် တို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၂ လအကြာမှာ မနေ့က ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကိုသက်နိုင်ဦး မိသားစုနဲ့ နီးစပ်သူတဦးကတော့ “သူကအရင်ကတည်းက ရပ်ရွာအရေးတွေတော့လုပ်နေတာပဲ။ ဒါပေမဲ့ ၅၀၅ နဲ့ ထောင်ချရလောက်တဲ့ အပြစ်လုပ်မျိုး လုပ်တာတော့ မတွေ့ဖူးဘူး” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်တွေမှာ စစ်ကောင်စီက ကံပေါက်ဒေသခံ ၉ ဦးကို ဖမ်းဆီးထိန်းခဲ့ပြီး ၅ ယောက်ကို ပြန်လွှတ်ကာ အခုအမိန့်ချခံရတဲ့ ၄ ယောက်ကိုတော့ ထားဝယ်အကျဥ်းထောင်ကို ပိုခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်