DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ်နှင့် ဂျာမန်အဆင့်မြင့်သံတမန်တို့ မြန်မာ့အရေး ဆွေးနွေး
DVB
·
January 29, 2022
အာဆီယံအထူးကိုယ်စားလှယ်နှင့် ဂျာမန်အဆင့်မြင့်သံတမန်တို့ မြန်မာ့အရေး ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် အပြည့်အဝကူညီဖို့ ရည်ရွယ်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရတ်ဆိုခွန်က ဂျာမန်အဆင့်မြင့် သံတမန်ကိုပြောတဲ့အကြောင်း ဖနွမ်းပင်ပို့စ် သတင်းမှာရေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်တဲ့  ပရတ်ဆိုခွန်ဟာ ဇန်နဝါရီ ၂၆ ရက်က ဂျာမန်ဖက်ဒရယ် နိုင်ငံခြားရေးရုံးမှာ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ပေထရာဆစ်ဂ်မွန်းနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအကျပ်အတည်းကို ရည်ညွှန်းပြီး သက်ဆိုင်သူ အားလုံးဟာ ငြိမ်းချမ်းပြီးအပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာပါဝင်ဖို့ မရှိမဖြစ် လိုအပ်ကြောင်းလည်း ပြောဆိုပါတယ်။

ဆိုခွန်ဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့မကြာသေးခင်က သွားရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အကျဉ်းရုံးပြောပြပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဆင့်ဆင့်တိုးတက်မှုအတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာက ဦးဆောင်ပြီးတော့ မြန်မာကိုယ်တိုင် ဖြစ်ရမယ်လို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။ ဆစ်ဂ်မွန်းကတော့ အာဆီယံရဲ့ သဘောတူညီမှုကို ဂျာမနီက ပံ့ပိုးကူညီဖို့ အသင့်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013