၅ ရက်ကြာ ကျင်းပမဲ့ ကမ္ဘာ့လူသားပုံစံစက်ရုပ်ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်က တရုတ်မြို့တော် ပေကျင်းမှာ စတင်ခဲ့ပြီး စက်ရုပ်တွေက ပရိသတ်ရှေ့မှာ သူတို့ရဲ့ အားကစားစွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။
မီတာ ၁၀၀ အပြေးပြိုင်ပွဲရဲ့ တစိတ်တပိုင်းအဖြစ် လူသားပုံစံ စက်ရုပ်တွေဟာ ပြိုင်ပွဲလမ်းကြောင်းတလျှောက် အပြေးအလွှားသွားလာနေကြပြီး ပြိုင်ပွဲဝင် အများအပြား လဲကျသလို မီးလောင်ဒဏ်ရာရခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
စက်ရုပ်တချို့က အတားအဆီးတွေကို အရှိန်အဟုန်နဲ့ တိုက်မိပြီးတဲ့နောက် လူသားအကူအညီပေးသူတွေက လမ်းကြောင်းကနေ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ကြပါတယ်။
ပေကျင်းမြို့တော်က အမျိုးသား မြန်နှုန်းမြင့်စကိတ် စီးကွင်းမှာ ကျင်းပတဲ့ ပွဲရဲ့တခြားနေရာတွေမှာ တခြားစက်ရုပ်တွေက မတ်တတ်ရပ်လျက် အမြင့်ခုန်ပွဲနဲ့ လူသား-စက်ရုပ် ရောနှောတင်းနစ်ပြိုင်ပွဲတို့မှာ ပါဝင်ခဲ့ကြပါတယ်။
ဩဂုတ် ၂၆ ရက်အထိ ကျင်းပမဲ့ ပြိုင်ပွဲတွေထဲမှာ ရိုးရာအားကစားတွေ၊ စက်ရုံ၊ ဂိုဒေါင်၊ စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်၊ ရုံးနဲ့ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းတွေအပေါ် အခြေခံတဲ့ ပြိုင်ပွဲတွေကို ပေါင်းစပ်ထားပါတယ်။
Source: Reuters











