DVB Logo
Home
မြန်မာသတင်း
R.ဇာနည်၊ မူးလာ၊ ထားထက်ထက်နှင့် အနုပညာရှင်များပါဝင်မည့် NUG ရန်ပုံငွေဖျော်ဖြေပွဲ ကျင်း ပမည်
DVB
·
January 28, 2022
R.ဇာနည်၊ မူးလာ၊ ထားထက်ထက်နှင့် အနုပညာရှင်များပါဝင်မည့် NUG ရန်ပုံငွေဖျော်ဖြေပွဲ ကျင်း ပမည်
Donate to DVB

အဆိုတော် R.ဇာနည်၊ မူးလာ၊ အလှမယ် ထားထက်ထက်တို့ ပါဝင်ဖျော်ဖြေကြမယ့် အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ရန်ပုံငွေဖျော်ဖြေပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) က NUG အလုပ် သမားဝန်ကြီးဌာနအတွက် စီစဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ အွန်လိုင်းဖျော်ဖြေပွဲအနေနဲ့ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီပွဲမှာတော့ ဧည့်သည်တော်တွေအနေနဲ့ NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်တို့က အဖွင့်မိတ်ဆက်စကားပြောကြားမှာဖြစ်ပြီး ပါဝင်တဲ့ အနုပညာရှင်တွေက  ဖျော်ဖြေ အားပေးစကားပြောကြားသွားကြမယ်လို့ ဆိုပါတယ်။

ဒီပွဲမှာတော့ R.ဇာနည်၊ မူးလာ၊ ထားထက်ထက်တို့နဲ့အတူ တခြားနာမည်ကြီး အနုပညာရှင် တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ လင်းလင်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသု၊ မြနှင်းရည်လွင် စတဲ့အနုပ ညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ရန်ပုံငွေလက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဆီကတဆင့် ဆက် သွယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အထူးဂုဏ်ပြုမှတ်တမ်းလွှာနဲ့ အနုပညာရှင်တွေရဲ့ လက်ဆောင်ပစ္စည်းတွေကို   အလုပ်သမားဝန်ကြီးဌာနက ပြန်လည်မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်ကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦး မော့လာရေးကို ရည်ရွယ်ပြုလုပ်တဲ့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါဖျော်ဖြေပွဲမှာတော့ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်းချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှု အစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာတွေ ဦးဆောင်ကျင်းပတဲ့ “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့ မြန်မာ” အမည်နဲ့ ကျင်းပတဲ့ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲကနေလည်း ရန်ပုံငွေဘတ်သိန်း ၁၂၀ ကျော် ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013