DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်တွင်း ကြိုးစင်များကို အထက်ညွန်ကြားချက်ဖြင့် သန့်ရှင်းရေးပြုလုပ်နေ
DVB
·
January 27, 2022
အကျဉ်းထောင်တွင်း ကြိုးစင်များကို အထက်ညွန်ကြားချက်ဖြင့် သန့်ရှင်းရေးပြုလုပ်နေ
Donate to DVB

မြန်မာပြည်တွင်း အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ အသုံးမပြုတာကြာပြီဖြစ်တဲ့ ကြိုးစင်တွေကို ဇန်နဝါရီလ ၂၆ ရက်က အထက်ညွှန်ကြားချက်နဲ့  သန့်ရှင်းရေးပြုလုပ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီက ထောင်တွင်းမှာရှိတဲ့ ကြိုးစင်တွေကို ပြန်လည်မွမ်းမံဖို့ သန့်ရှင်းရေးပြုလုပ်ဖို့ ညွှန်ကြားခဲ့တာလို့လည်း ဆိုပါတယ်။ 

လက်ရှိ သေဒဏ်ပေးခံထားရတဲ့ အမှုတွေကို ကိုင်တွယ်ဖို့ အခုလိုလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုမဲ့ အကျဉ်းထောင်အာဏာပိုင်တွေဘက်ကနေ  အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ ၁၈ နှစ်အောက် နှစ်ယောက် အပါအဝင် ၄၅ ယောက်  သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၉ ယောက်  ရှိတဲ့အတွက် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၈၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLDလွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့ကိုလည်း အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီလက်အောက်ခံ  စစ်ခုံရုံးမှာစစ်ဆေးပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက အတည်ပြု အမိန့်ချပြီးမှသာ သေဒဏ်ကို စီရင်နိုင်တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ လက်ရှိအချိန်ထိ သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013