DVB Logo
Home
မြန်မာသတင်း
မြန်မာက အဂတိလိုက်စားမှုအဆိုးဆုံး ကမ္ဘာ့အဆင့် ၁၄၀ တွင် ရပ်တည်
DVB
·
January 27, 2022
မြန်မာက အဂတိလိုက်စားမှုအဆိုးဆုံး ကမ္ဘာ့အဆင့် ၁၄၀ တွင် ရပ်တည်
Donate to DVB

ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှု အခြေအနေတွေကို Transparency International အဖွဲ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ရမှတ် ၂၈ မှတ်နဲ့ နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၀ နေရာမှာ အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အဂတိလိုက်စားမှုစောင့်ကြည့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Transparency International ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဂတိလိုက်စားမှု အနည်းဆုံး ထိပ်တန်းနိုင်ငံတွေအဖြစ် ရမှတ် ၈၈ မှတ်နဲ့ ဒိန်းမတ်၊ နယူးဇီလန်နဲ့ ဖင်လန်နိုင်ငံတွေက ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နော်ဝေ၊ ဆွီဒင်နိုင်ငံတွေနဲ့အတူ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံက ရမှတ် ၈၅ မှတ်စီနဲ့ အမှတ်စဉ် ၄ နေရာမှာ ရှိနေတာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ရမှတ် ၃၅ မှတ်နဲ့ အမှတ်စဉ် ၁၁၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Transparency International အနေနဲ့ အဂတိလိုက်စားမှုညွှန်ကိန်းကို တွက်ထုတ်ရာမှာ နိုင်ငံတခုချင်းစီအလိုက် ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်တို့လို စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေ၊ အဂတိလိုက်စားမှု စစ်တမ်းတွေနဲ့ အကဲဖြတ်မှု ၁၃ ခု ကနေ တွက်ချက်ယူထားတာ ဖြစ်ပါတယ်။

လတ်တလော ထုတ်ပြန်လိုက်တဲ့ အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံအဖြစ် ရမှတ် ၁၁ မှတ်နဲ့ တောင်ဆူဒန်နိုင်ငံက အောက်ဆုံးအဆင့်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲဒီအထက်မှာတော့ ဆီးရီးယားနဲ့ ဆိုမာလီယာနိုင်ငံတွေက ၁၃ မှတ်စီနဲ့ ဒုတိယအဆိုး ဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပြီး ဗင်နီဇွဲလားနိုင်ငံကတော့ ရမှတ် ၁၄ မှတ်နဲ့ တတိယအဆိုးဆုံး ဖြစ်ပါတယ်။

အဲဒီအထက်မှာတော့ ယီမင်၊ မြောက်ကိုရီးယားနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက ရမှတ် ၁၆ မှတ်စီနဲ့ အဂတိလိုက်စားမှု စတုတ္ထအဆိုးဆုံးနိုင်ငံတွေအဖြစ် ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013