DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရ ၊ ၃ ဦးထက် မနည်းသေဆုံး
DVB
·
January 27, 2022
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရ ၊ ၃ ဦးထက် မနည်းသေဆုံး
Donate to DVB

စစ်ကိုင်းမြို့ဘက်နေ မုံရွာမြို့ဘက်ဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား ၂ စင်းကို ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဘက်အသုံးပြုတဲ့ ကားနဲ့ လိုပါလာတာလို့သိရပြီး မုံရွာမြို့မရောက်ခင် မြင်းမူမြို့နယ်ထီးဆောင်းနဲ့ ကံဖျားဇရပ်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။

"သတင်းရထားလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ကား နှစ်စင်းလုံးပဲ မိုင်းထိတယ်။ တစ်စီးကတော့ လုံးဝပျက်စီးသွားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေတယ်လို့ ကျနော်တို့ သိရတယ်။ ဒဏ်ရာရသွားသူတွေလည်း များတယ်"လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။

‌မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာတွေရှိပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ People's Defence Force Myinmu-MMUPDF၊ Black Eagle Defence Force-MMU၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့ ၊ Myin Mu Defence Force-MMDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo - ( People's Defense Force Myinmu )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013