DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ဒဏ်ရာဖြင့် ခြံတွင်း တနေရာမှာ သေဆုံးနေ
DVB
·
January 27, 2022
ရေးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်  ၂ ဦး သေနတ်ဒဏ်ရာဖြင့် ခြံတွင်း တနေရာမှာ သေဆုံးနေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တယောက်နဲ့ ရဲမေတယောက်တို့ ဇန်နဝါရီ ၂၆ ရက် ညနေလောက်မှာ သေနတ်ဒဏ်ရာနဲ့ ချောင်းတောင်ကျေးရွာအုပ်စု ခြံတခြံမှာ သေဆုံးနေတယ်လို့  မျက်မြင် ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ဟာ ကလော့ကျေးရွာနဲ့ ချောင်းတောင်ကျေးရွာအကြား ရေသနုတ်ဘုရားအနီးမှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ လောက်က စစ်ကောင်စီကား ၁ စီးမိုင်းဆွဲခံရပြီး ပစ်ခတ်ခံရမှုတွေကြောင့် ရရှိတဲ့ ဒဏ်ရာနဲ့ လမ်းမှာ ပြေးနေရင်း ခြံတွင်း တနေရာမှာ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ အလောင်းတွေ့ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ  လူတွေအသွားအလာ သိပ်မရှိတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြုချက်ရဖို့နဲ့ အသေးစိတ်သိရဖို့  ရေးမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်ရှိအခြေနေမှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

အဆိုပါနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား အနည်းဆုံး ၄ ယောက်သေဆုံး၊  ၅ ဦးထက်မနည်း ဒဏ်ရာတွေရရှိခဲ့ပြီး ရေး PDF အဖွဲ့က (YGF) လုပ်ဆောင်ခဲ့တာလို့  ရေး PDF ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်အုပ်စုဒေါက်တိုင် ဒလန်တွေ ပျူစောထီးတွေကို အရင်ဆုံးရှင်းလင်းသွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013