DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် အသက် ၁၀ နှစ်နှင့် ၆၀ အရွယ်အပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်ကပစ်သတ်
DVB
·
January 27, 2022
အရာတော်တွင် အသက် ၁၀ နှစ်နှင့် ၆၀ အရွယ်အပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်ကပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဘော်ကုန်းကျေးရွာအနီးမှာ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၁၀ နှစ်နဲ့ အသက် ၆၀ ကျော်အပါအဝင် ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရာတော်မြို့နယ်ကနေ နှောင်ကြီးအိုင်ရဲစခန်းကို အင်အားဖြည့်ဖို့ စစ်ကောင်စီတပ် စစ်ကားနှစ်စီးနဲ့ လာရောက်ရာမှာ မိုင်းဆွဲခံရပြီးနောက် အခုလို ဒေသခံတွေကို ပစ်သတ်သွားတာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောပါတယ်။

“ဖြစ်စဉ်က နောင်ကြီးအိုင်ကို စစ်အင်အားဖြည့်ဖို့လာရာမှာ မိုင်းအဆွဲခံရတယ်ဗျ။ အဲလိုမိုင်းဆွဲခံရလို့ ဒေသခံပြည်သူတွေကို သတ်တဲ့သဘောဗျ။ အခုအသက်ခံရတဲ့နေရာနဲ့ မိုင်းဆွဲခံရတဲ့နေရာနဲ့ဆိုရင် ၇ ဖာလုံလောက်ဝေးမယ်။ သူတို့ အခုသတ်ခဲ့တဲ့ ပြည်သူကို PDF လို့ ပြောရအောင်လည်း အသက် ၁၀ နှစ်ကလေးက PDF ဖြစ်နိုင်မလား။ အသက် ၆၀ ကျော်အဘိုးကြီးကရော PDF ဖြစ်နိုင်မလား။ တကယ်တမ်းကတော့ ပြည်သူကို အကြောက်တရားသွင်းတာပဲ။ သူတို့ အထက်လူကြီးတွေကိုတော့ PDF ဆိုပြီးလိမ်ဦးမှာပဲ။ အခု အသတ်ခံရတဲ့သူတွေဟာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အဆက်အသွယ်မရှိတဲ့ သူတွေပါ” လို့ ပြောပါတယ်။

အသတ်ခံရသူတွေဟာ ဘော်ကုန်းကျေးရွာက ကိုဆန်းလင်း အသက် (၃၇) နှစ်၊ မောင်ကုလား အသက် (၁၀) နှစ်နဲ့ အသက် (၂၆) နှစ်အရွယ် လူငယ်တစ်ဦးတို့ဖြစ်ပြီး အသက် ၆၀ အရွယ် ဦးဖိုးသောင်းကိုတော့ စက်ဘီးနဲ့ဖြတ်သန်းသွားစဉ် စစ်ကောင်စီတပ်က တားဆီးကာ ဦခေါင်းကို တေ့ပြီးပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အပြစ်မဲ့လင်မယာနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ငွေကြေးနဲ့လာရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်စစ်ကောင်စီတပ်ကတော့ PDF တွေက မိုင်းလာထောင်တာကြောင့် ပစ်သတ်ရတယ်ဆိုပြီး  သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013