DVB Logo
Home
မြန်မာသတင်း
သီပေါတွင် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲဆက်ဖြစ်၊ စစ်ဘေးရှောင် ၅၀၀ ခန့် ထွက်ပြေး
DVB
·
January 26, 2022
သီပေါတွင် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲဆက်ဖြစ်၊ စစ်ဘေးရှောင် ၅၀၀ ခန့် ထွက်ပြေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်နေတာ သီတင်း ၂ ပတ်ကျော်ပြီဖြစ်ပြီး အနီးနားကျေးရွာက ပြည်သူ ၅၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ 

ကျင်သီ၊ ရေပူစမ်း၊ ပုံဖန်း၊ နောင်အန်း၊ ကုန်းညု၊ နားမွန်း၊ ဆွန်အွိုက် အစရှိတဲ့ ရွာပေါင်း ၁၀ ရွာလောက်က ရွာသားတွေဟာ ဒီလ ၈ ရက်နေ့ကတည်းက သီပေါမြို့ ပေါ်ကြိုဘုရားကျောင်းတိုက်ကို နေ့စဉ်စစ်ဘေးရှောင်လာကြတာလို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ပေါ်ကြိုပရဟိတအသင်း တာဝန်ရှိသူ ဦးစိုင်းအောင်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ဘေးရှောင်တွေက ၈ ရက်နေ့ကစပြီး  ရောက်လာတာ။ အဲဒီကစ နေ့တိုင်းအဝင်ရှိနေပါ တယ်။ ဒီနေ့မနက် ၄- ၅ ဦးရောက်တယ်၊  နောက်ထပ်လည်း လာနေကြတုန်းပဲ၊ ဘယ်လောက်ထပ်လာမလဲတော့မသိဘူး။ လက်ရှိ ၄၈၁ ဦး၊ ညနေထိဆို ၅၀၀ လောက်ရှိလာမယ်ထင်တယ်။ တိုက်ပွဲက မနေ့ကလည်းရှိတယ်၊ ဒီနေ့လည်းရှိတယ်။ အခုကျနော်တို့ စကားပြောနေရင်းနဲ့ သေနတ်သံတွေ ကြားနေရတုန်းပဲ။  မနေ့တုန်းက လက်နက်ကျည်က သီပေါနဲ့ ကျောက်မဲကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်ကျလာလို့ ယာဉ်ကြောတွေ နာရီပိုင်းလောက် ပိတ်သွားသေးတယ်ခင်ဗျ။  ဒီကနေ့မနက် လက်နက်ကြီးက နေအိမ်တွေထိတယ်လို့လည်းကြားတယ်။ အသေးစိပ်ကိုတော့ မသိရသေးဘူး။”

စစ်ဘေးရှောင်ပြည်သူတွေကို သီပေါမြို့သူမြို့သားနဲ့ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ လာရောက်ကူညီထားလို့ စောင်၊ အနွေးထည် နဲ့ နှစ်ရက်စာ စားနပ်ရိက္ခာလုံလောက်နေကြောင်း၊ ဒီ ထက်ရက်ကြာလာရင်တော့ စားနပ်ရိက္ခာ အခက်အခဲရှိလာနိုင်လို့ အလှူရှင်တွေအနေနဲ့ ပေါ်ကြိုပရ ဟိတ ဖုန်းနံပါတ် ၀၉ ၄၀၃၇၆၀၉၅၄ ကိုဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် (RCSS) တပ်တို့ နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်နဲ့  တောင်ပိုင်းလွိုင်လင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစ ကနေ့ထိ  တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013