DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို အဂတိလိုက်စားမှုဖြင့်စွပ်စွဲ အမှုဖွင့်
DVB
·
January 26, 2022
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို အဂတိလိုက်စားမှုဖြင့်စွပ်စွဲ အမှုဖွင့်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ကောင်စီက   အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး ဇန်နဝါရီ ၂၅ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

စစ်ကောင်စီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူဟာ ၂၀၂၀ စက်တင်ဘာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်ပြီး NLD တံဆိပ်ပါ တီရှပ် အင်္ကျီအထည် ၁၈၀၀၀ အတွက် ကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်းကိုလည်းကောင်း၊ NLD တံဆိပ်ပါ လွယ်အိတ်တွေ ဝယ်ယူဖို့ ငွေကျပ် သိန်း ၃၆၀ ကိုလည်းကောင်း လက်ခံရယူခဲ့တယ်လို့စွပ်စွဲထားတာပါ။

ဒီကိစ္စဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့  ဝန်ကြီးဦးမင်းသူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ဘုရားကုန်မြို့မရဲစခန်းမှာ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာလို့ စစ်ကောင်စီသတင်းမှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ဘက်ကနေ ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။ 

စစ်ကောင်စီဟာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီအစိုးရ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို အဂတိလိုက်စားမှုတွေနဲ့ တဖက်သတ် စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီ  ခေါင်းဆောင်တွေ အဂတိလိုက်စားထားတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုစတဲ့  အထောက်အထားတွေတော့ စစ်ကောင်စီအနေနဲ့ တခုမှ  ခိုင်ခိုင်လုံလုံ သက်သေ ပြသနိုင်တာမ ရှိပါဘူး။

Photo-MOI-MDN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013