DVB Logo
Home
မြန်မာသတင်း
"365 Days Later " ပန်းချီပြပွဲ ဘန်ကောက်တွင်ကျင်းပမည်
DVB
·
January 26, 2022
"365 Days Later " ပန်းချီပြပွဲ ဘန်ကောက်တွင်ကျင်းပမည်
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့  "365 Days Later " (၃၆၅ ရက်ကြာပြီးနောက်)   လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိပါတယ်။

ပန်းချီပြပွဲကို SEM-Spirit in Education Movement က စီစဉ်တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့  ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၂ ခုနှစ် ညနေ ၄ နာရီကနေ ဖေဖော်ဝါရီ ၂၇ ရက်အထိပြုလုပ်သွားမှာပါ။ 

ပန်းချီပြပွဲမှာ ထိုင်းနဲ့ မြန်မာပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသသွားမယ်လို့ SEM က ကြေညာထားပါတယ်။

မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက် ၃၆၅ ရက်အကြာအထိ မြန်မာပြည်သူတွေရဲ့ အရှုံးမပေးတဲ့ ခံယူချက်နဲ့ စစ်အာဏာရှင်ကို သတ္တိရှိရှိရင်ဆိုင်ခဲ့တဲ့  ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အနုပညာပြပွဲလည်း ဖြစ်ပါတယ်။

ပန်းချီကားတွေ အပြင် နွေဦးတော်လှန်ရေးကာလ ဓာတ်ပုံတချို့နဲ့ မှတ်တမ်းရုပ်ရှင်တိုကလေးတွေလည်း ပြသထားမှာပါ။

ပြပွဲနေရာကတော့ Bangkok Art and Culture Center (BACC၊ Pathumwan Intersection) ဖြစ်ပြီး အဆောက်အအုံ တတိယထပ် လျှောက်လမ်းနဲ့ ပထမထပ်ရှိ အခန်းနံပါတ် ၁၀၄ မှာ ပန်းချီကားတွေ ချိတ်ဆွဲခင်းကျင်းပြသထားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013