DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် တန့်ဆည်တွင် စစ်ကောင်စီယာဉ်တန်း‌များ တိုက်ခိုက်ခံရ
DVB
·
January 25, 2022
ဘုတလင်နှင့် တန့်ဆည်တွင် စစ်ကောင်စီယာဉ်တန်း‌များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်ကနေ မုံရွာနမခတပ်မှာ လစာသွားထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဘုတလင်ပကဖအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ မနက်ခင်းပိုင်း ၁၀ နာရီကျော်ခန့် ဖောက်ခွဲခဲ့တာပေါ့။ သူတို့က ဘုတလင်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဗျ။ မနက်ခင်းက မုံရွာဘက်ကိုသွားတာ သိလိုက်ရတယ်။ သူတို့အပြန်လမ်းကို ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကတော့ အကျအဆုံးများမယ်။ ကျနော်တို့ဘက်က‌တော့ အကျအဆုံး လုံးဝမရှိဘူး” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၇ ဦးကို ဘုတလင် ပြည်သူဆေးရုံနဲ့ ၁၄ ဦးကို မုံရွာနမခ စစ်ဆေးရုံမှာ ဆေးကုသပေးနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ စစ်ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အလားတူ တန်ဆည်မြို့နယ်အတွင်းမှာလည်း ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကံထူးမကျေးရွာနဲ့ သရက်ခါးကျေးရွာကြား စာသောက်ဆိုင်တစ်ခုအနီးမှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲခဲ့တာလို့ တန်ဆည်အနောက်ခြမ်း ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကံထူးမနယ်‌မြေရဲစခန်းက ရဲ ၁၅ ဦး တင်ပြီး လိုက်ထရပ်ကားနဲ့ ကံထူးမရွာနဲ့သရက်ခါးရွာကြားက လိုင်းကားတွေ အရပ်အနားများတဲ့ နေရာကနေ ဒီကောင်တွေ ဆက်ကြေးတောင်းပြီးအပြန်မှာ ကျနော်တို့ ကံထူးမကျေးရွာဆိုင်းဘုတ်အနီးမှာ မိုင်းဆွဲခဲ့တာဗျ။ ကားနောက်မြီးပိုင်းတော့ မိလိုက်တယ်။ အကျအဆုံးကတော့ အတည်ပြုလို့ မရဘူးသေးဘူး။ မိုင်းဆွဲခံလိုက်ရလို့ ကြောက်ပြီး ကံထူးမရဲစခန်းထဲ အမြန်မောင်းဝင်သွားတယ်။”

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တိုင်းလိုလိုမှာ နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာခံရပါက အနီးဆုံး ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013