DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဆေးရုံများ၌ ဆေးဝါးမပြည့်စုံသဖြင့် ကုသစရိတ်မြင့်တက်နေ
DVB
·
July 18, 2026
Photo: MOI
Photo: MOI
Donate to DVB

ပြည်သူ့ဆေးရုံတွေမှာ ဆေးဝါး လုံလုံလောက်လောက် မရှိတာကြောင့် ကုသစရိတ်တွေ အဆမတန် မြင့်တက်လာတယ်လို့ လူနာရှင်တွေက ပြောပါတယ်။

လူနာရှင်တွေအနေနဲ့ လိုအပ်တဲ့ဆေးဝါးတွေကို ပြင်ပကနေဝယ်ယူရတဲ့အပြင် ဆရာဝန်သုံး လက်အိတ်၊ ဆေးထိုးအပ်တွေကအစ အကုန်ဝယ်ပေးရတယ်လို့ သိရပါတယ်။

လူနာရှင်တယောက်က “သွေးအရမ်းတိုးလို့ ဆေးရုံသွားပြတာ။ ကိုယ်လည်း ထင်လိုက်တာက အစိုးရဆေးရုံဆိုရင် သက်သာမယ်ပေါ့။ ဆေးလည်း အခမဲ့ရမယ်ပေါ့ဆိုပြီး။ ဆေးရုံရောက်တော့ ဆေးရုံတက်ရမယ်တဲ့။ စောင့်ကြည့်ရမယ်ပေါ့။ ဆေးတွေ အကုန်ဝယ်ရတယ်။ လူနာကိုကိုင်ဖို့ လက်အိတ်တွေကအစ ဆေးထိုးအပ်တွေကအစ အကုန်ဝယ်ရတယ်။ ဆေးရုံဆိုတာကလည်း ညစ်ပတ်နေတာပဲ။ တော်တော်ကို ပဲ့လွန်းပါတယ်။ ဆေးရုံ ၂ ရက်တက်တာ ၄ သိန်းနီးပါး ကုန်တယ်။ ဒါတောင် အစိုးရဆေးရုံဖြစ်နေလို့” လို့ ပြောပါတယ်။

စစ်အာဏာရှင်အနေနဲ့ ၂၀၂၆–၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးကဏ္ဍကို ဦးစားပေး အသုံးစရိတ်တရပ်အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြားထားပေမဲ့ သတ်မှတ်ပမာဏကို တိတိကျကျ ပြောကြားထားတာ မရှိပါဘူး။

ပုဂ္ဂလိကဆေးရုံတွေက ကုန်ကျစရိတ် အလွန်များပြားတာကြောင့် အ​ခြေခံလူတန်းစားတွေအနေနဲ့ ကုန်ကျစရိတ်သက်သာတဲ့ ပြည်သူ့ဆေးရုံတွေကို ပိုအားကိုးလာကြပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ လူနာတွေပြည့်ကျပ်လွန်းလို့ လူသွားလမ်းတွေမှာပါ နေရာချထားရတာကို တွေ့ရပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံတွေမှာ ဆရာဝန် အလုံအလောက်မရှိတဲ့အပြင် ဆေးဝါးတွေကလည်း လုံလုံလောက်လောက် မရတော့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013