သက်တော် ၈၉ နှစ်ရှိ နော်ဝေဘုရင် ဟာရယ်လ်ဒ်ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် ကျန်းမာရေး ပိုမိုယိုယွင်းလာခဲ့ပြီး သူ့အခြေအနေမှာ အလွန်စိုးရိမ်နေရကြောင်း ဩဂုတ် ၂၇ ရက်မှာ နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီအခြေအနေကြောင့် အိမ်ရှေ့မင်းသား ဟာကွန်းနဲ့ ဘုရင့်ဇနီး မိဖုရားကြီး ဆွန်ဂျာတို့ဟာ သွားရောက်ဖို့ စီစဉ်ထားတဲ့ ပွဲလမ်းသဘင်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဥရောပမှာ အသက်အကြီးဆုံး အမျိုးသားအကြီးအကဲဖြစ်သူ ဘုရင် ဟာရယ်လ်ဒ်ဟာ ဩဂုတ် ၁၇ ရက်ကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး သွေးထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါအတွက် ဆေးကုသမှု ခံယူနေရတာဖြစ်ကြောင်း နန်းတော်က ဆိုပါတယ်။
အိမ်ရှေ့မင်းသား ဟာကွန်ဟာ ဩဂုတ် ၂၆ ရက်က နန်းတော်ရှေ့မှာပြုလုပ်တဲ့ ဘုရင့်တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးပြလေ့ကျင့်မှုကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။
Source: Reuters











