DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် အီဘိုလာရောဂါဖြစ်ပွားမှုကို ၃ လအတွင်း ထိန်းချုပ်နိုင်သေးဟု WHO ပြော
DVB
·
August 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကွန်ဂိုနိုင်ငံမှာ ဒုတိယမြောက် အများဆုံး သေဆုံးမှုဖြစ်လာတဲ့ အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ဖြစ်နိုင်သေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရာရှိတယောက်က သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအေဂျင်စီက အခုလအစောပိုင်းမှာ အီဘိုလာပျံ့နှံ့မှုကို ၃ လအတွင်း ပြန်ကောင်းနိုင်သေးတယ်လို့ ပြောခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး ရောဂါကူးစက်မှု ပိုဆိုးရွားလာပြီး ၆ ခုမြောက်ပြည်နယ်ဆီ တိုးချဲ့သွားတဲ့ လက္ခဏာတွေ ရှိလာခဲ့ပါတယ်။

WHO မန်နေဂျာ သီယာနို ဘာလ်ဒေက “၃ လအတွက် နောက်ထပ်အစီအစဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ အရင်းအမြစ်တွေရှိရင် အဲဒါကို လုပ်နိုင်မယ်လို့ ထင်ပါတယ်" လို့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ ဘူနီယာမြို့ကနေ ဗီဒီယိုလင့်ခ်ကတဆင့် ဂျီနီဗာမြို့က သတင်းထောက်တွေကို ပြောပါတယ်။

ကွန်ဂိုရဲ့ အဆိုးရွားဆုံး ကူးစက်မှုအတွင်း လူပေါင်း ၂,၃၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးပါပြီ။ လက်ရှိမှာ အရင်းအမြစ် လိုအပ်ချက်တွေ နောက်ကျနေပြီး WHO က အီဘိုလာတုံ့ပြန်မှုအတွက် ရှာနေတဲ့ ဒေါ်လာ ၁၁၅ သန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုသာ ရထားပါတယ်။

ဒါပေမဲ့ ထိန်းချုပ်ရေး ကြိုးပမ်းချက်တွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ခုတင် ၄၀၀ ထပ်မံတိုးချဲ့ခဲ့တယ်လို့ ဘာလ်ဒေက ပြောပါတယ်။

WHO အရေးပေါ်ကော်မတီက မေ ၁၇ ရက်မှာ ကုလသမဂ္ဂအေဂျင်စီကနေ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကပ်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အင်္ဂါနေ့မှာ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013