
စစ်အာဏာရှင်လက်အောက်ခံ ကျန်းမားရေးဝန်ကြီးတွေ၊ ပညာရေး ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ တို့ကို တာဝန်ကနေ အနားပေးလိုက်တယ်လို့ အောက်တိုဘာ ၉ ရက် ညမှာ ထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကို တာဝန်ကနေ အနားပေးတယ်လို့ စစ်အာဏာရှင်ခေါင်းဆောင်က ထုတ်ပြန်ပြီး သူ့နေရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းကို တာဝန်ပေးတယ်လို့ တဆက်တည်း ထုတ်ပြန်ပါတယ်။
ဒေါက်တာ သက်ခိုင်ဝင်းဟာ စစ်အာဏာသိမ်းကတည်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၅-၂၆ စစ်ကောင်စီကလုပ်တဲ့ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်ကနေ ဝင်ပြိုင် အနိုင်ရပြီး ကျန်းမာရေးဝန်ကြီးအဖြစ် ဆက်လက် တာဝန်ပေးခံရတာပါ။
ဗဟိုဘဏ် ဒုက္ကဋ္ဌ ဦးဇော်မြင့်နိုင် ကိုလည်း တာဝန်ကနေ အနားပေးတယ်လို့ ထုတ်ပြန်ပြီး သူဟာ လည်း စစ်ကောင်စီလက်ထက်ကတည်းက ဗဟိုဘဏ် ဒုက္ကဋ္ဌ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဟာ ကျန်းမာရေး ဒု ဝန်ကြီး ဒေါက်တာ အေးထွန်းနဲ့ ပညာရေး ဒု ဝန်ကြီး ဒေါက်တာ ဇော်မြင့်တို့ကိုလည်း တာဝန်က အနားပေးလိုက်ပြီး သူတို့နေရာနဲ့ လူကယ်ပြန်ဝန်ကြီး နေရာကို တော့ အစားထိုး တာဝန်ပေးတာ မတွေ့ရသေးပါဘူး။











