DVB Logo
Home
မြန်မာသတင်း
YBS ယာဥ်စီးခကို YPS ကတ်စနစ်အပြင် QR ကုတ်စနစ်ဖြင့် ငွေပေးချေနိုင်ရေး စီစဥ်နေ
DVB
·
January 25, 2022
YBS ယာဥ်စီးခကို YPS ကတ်စနစ်အပြင် QR ကုတ်စနစ်ဖြင့် ငွေပေးချေနိုင်ရေး စီစဥ်နေ
Donate to DVB

ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေးကဏ္ဍမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လကတည်းက ကတ်စနစ် အသုံးပြု ငွေပေးချေတဲ့စနစ်ကို သတ်မှတ်ယာဉ်လိုင်းတွေမှာ စတင်ခဲ့တာပါ။

ဒါပေမဲ့ ယာဉ်စီးခကို ကတ်အသုံးပြုပြီး ငွေပေးချေမှုတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်၀ါရီလ အာဏာသိမ်းပြီးချိန်က စတင်ပြီး အသုံးပြုမှု မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။ 

YBS ဘတ်စ်ကားတွေဟာ အရင်လို ကြပ်မတ်မှုနည်းပါးပြီး စပါယ်ယာပါတာ၊ ယာဉ်စီးခ ပိုမို ကောက်ခံတာတွေ ဖြစ်လာပါတယ်။

ကတ်ဖတ်တဲ့ စက်တပ်ဆင်ထားတဲ့တချို့ ဘတ်စ်ကားတွေဟာ စက်ကိုပိတ်ထားပြီး ယာဉ်စီးခကို ပုံးထဲ ထည့်ခိုင်းတာမျိုး လုပ်လာပါတယ်။

အခုအခါမှာတော့ ကတ်အသုံးပြုပြီး ယာဉ်စီးခပေးချေတာအပြင် mobile wallet တွေက တစ်ဆင့် QR ကုတ် အသုံးပြုပြီး ယာဉ်စီးခပေးချေတာတွေ ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဟာ Yangon Payment Services လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent Co., Ltd၊ MPT-Money Co., Ltd တို့နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Yangon Payment Services ကတ်စနစ်ကို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအပြင် ရထား၊ water bus တို့မှာပါ သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအခါမှာ စုစုပေါင်း ယာဉ်အစီးရေ ၂၇၀၀ ကျော်အနက် ၁၉၀၀ ကျော်မှာ ကတ်စနစ် တပ်ဆင်ပြီးပြီလို့  ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013