DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် သောက်သုံးရေ အခက်အခဲကြုံ
DVB
·
January 24, 2022
ဝိုင်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် သောက်သုံးရေ အခက်အခဲကြုံ
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေမှာ ရေတွင်းထဲက ရေတွေခန်းခြောက်ကုန်ပြီး ကုမ္ပဏီတွေက ရွှေတူးဖော်နေတာကြောင့်လည်း စမ်းချောင်းထဲကရေတွေညစ်ညမ်းပြီး ဒေသခံတွေ သောက်သုံးရေမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရွာခံတွေကနေ သိရပါတယ်။

လက်ရှိအချိန်မှာ သောက်သုံးရေအတွက် RC ဘုရားကျောင်းဝင်းထဲက ရေကိုသာ အသုံးပြုနေရပြီး ရွှေလာတူးတဲ့ ကုမ္ပဏီတွေကတော့ စက်ရုံထုတ် ရေသန့်တွေကို အသုံးပြုကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အရင်ရွာပြန်တုန်းကတော့ ရေတွင်းတွေအများကြီး၊ ဆယ်တွင်းကျော်မယ်ထင်တယ်၊ အခုတော့ အကုန်ခန်းကုန်လို့ သုံး၊ လေး တွင်းပဲကျန်တာ တချို့ရေတွင်းတွေက အနယ်ပါတော့ ခပ်ခဲ့ပြီး အိမ်မှာ အနည်ထိုင်ပြီးသုံးရတာ၊ ကျမတို့က ပိုက်ဆံမရှိ‌တော့ ရေဝယ်မသောက်နိင်လို့ ‌ရေသန့်တဲ့ RC ဘုရားကျောင်းက ရေတွင်းကနေပဲ သောက်ရေ အတွက်သုံးနေတယ်၊ ဟိုရွှေလာလုပ်တဲ့သူတွေက ရေသန့်တွေ ဝယ်သောက်ကြတာပေါ့”

အခုလိုရေခန်း‌ခြောက်လာတာဟာ စက်ယန္တရားကြီးတွေနဲ့ ကျေးရွာမှာ ရွှေတူးဖော်ရာကနေ သိသိသာသာ ရေခန်းခြောက်လာတာဖြစ်ပြီး ရွာအနီးက စမ်းချောင်းတွေလည်း သုံးမရအောင် ရေလမ်းကြောင်းပြောင်းတာ ၊ ရေညစ်ညမ်းတာတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

၂၄ နာရီ အချိန်ပြည့်လည်ပတ်နေတဲ့ ရွှေလုပ်ငန်းက စက်ယန္တရားသံတွေကြောင့် ကျေးရွာနေပြည်သူတွေ ညအိပ်ချိန်ကောင်းစွာမအိပ်ရဘဲ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အတွက်လည်း အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့‌ ဒေသခံတစ်ဦးက“စက်အသံက နှစ်ဆယ့်လေးနာရီ မြည်နေတော့ အဘိုးအဘွားတွေလည်း အိမ်မရကြဘူး။ အိပ်ရေးမဝတော့ နေမကောင်းတာတွေ ဖြစ်လာတယ်၊ ကျမကလေးဆိုရင် ညဆို စက်သံတွေကြောင့် ခဏခဏ လန့်နိုးတယ်” လို့ ပြောပါတယ်။

လက်ရှိ နမ့်ဆန်ယန်ကျေးရွာမှာ ၂၀၁၇ ခုနှစ်ကတည်းက နေရပ်ပြန်ပြီးနေထိုင်နေတဲ့ အိမ်ထောင်စုပေါင်း ၁၅၀ နီးပါး နေထိုင်နေတာပါ။  အိမ်ထောင်စု ၅၀၀ ‌ကျော်ရှိခဲ့တဲ့ နမ်ဆန်ယန်ကျေးရွာဟာ ၂၀၁၁ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် တစ်ရွာလုံး တိမ်းရှောင်ခဲ့ရတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013