DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် မီးရှို့အသတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ
DVB
·
January 24, 2022
ပေါက်မြို့နယ်တွင် မီးရှို့အသတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ
Donate to DVB

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းက မီးရှို့ အသတ်ခံထားရတဲ့ အလောင်း ၃ လောင်း တွေ့ရှိခဲ့တယ်လို့ ASTF တပ်ဖွဲ့ဆီက သိရပါတယ်။

ပေါက်မြို့နယ် မြောက်ပိုင်း ကျောက်တိုင်ခင်ရွာမြောက်ဘက်နားမှာ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေ မီးရှို့သတ်ဖြတ်သွားတဲ့ အလောင်း ၃ လောင်း တွေ့ရှိခဲ့တယ်လို့ Anonmous Special Task Force(ASTF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“အသတ်ခံရတဲ့ သူတွေက PDF တပ်ဖွဲ့ကလား၊ ပြည်သူတွေလား ဆိုတာ အတိကျမသိရသေးဘူးဗျ။ ကျနော်တို့လည်း စုံစမ်းနေတယ်။ စစ်(-)တွေက ဖုန်းတွေအားလုံး သိမ်းသွားတော့ ဆက်သွယ်ရခက်နေတယ်။ သိရတာနဲ့ ချက်ချင်းအကြောင်းပြန်ပေးပါ့မယ်။”

ကျောက်တိုင်ခင်ရွာသား တစ်ယောက်က “စစ်ကောင်စီတပ်တွေဟာ ကျောက်တိုင်ခင်ရွာကို ဇန်နဝါရီ ၂၂ ရက်နေ့က အင်အား ၁၅၀ လောက်နဲ့ ၃ ဖွဲ့ခွဲဝင်လာတာဗျ။ ရွာသားတွေလည်း ပိတ်မိသွားပြီး တော်တော်များများ အဖမ်းခံရတယ်။ ဖုန်းတွေအားလုံး သိမ်းသွားပြီး အဖမ်းခံရတဲ့ ပြည်သူတွေဆီက ပိုက်ဆံတွေကိုလည်း ယူသွားတယ်။လူတွေကိုတော့ ပြန်လွှတ်ပေးပေမယ့် ဖုန်းတွေအသိမ်းခံလိုက်ရလို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ခက်ခဲနေတယ်” လို့ ပြောပါတယ်။

ပေါက်မြို့နယ် သစ်ညီနောင်ရွာမှာလည်း ဇန်ဝါရီ ၂၂ ရက်ကနေ ၂၃ ရက်နေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၃၉ လုံးနဲ့ ပစ္စည်း သိန်း ၆၀၀ ကျော်ဖိုးလောက် ဖျက်ဆီးခဲ့ကြသလို ရွှေနဲ့ ငွေကြေတွေကိုလည်း ယူဆောင်သွားကာ လူငယ် ၂ ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အမြဲတမ်း ငြင်းဆိုနေကျ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013