DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် ဆေး (၁) ကျောင်းသားသမဂ္ဂက ဆေးကုခန်း ထပ်မံဖွင့်လှစ်
DVB
·
January 24, 2022
ကရင်နီဒေသတွင် ဆေး (၁) ကျောင်းသားသမဂ္ဂက ဆေးကုခန်း ထပ်မံဖွင့်လှစ်
1 / 4
Donate to DVB

ကယားပြည်နယ်(ကရင်နီပြည်) တနေရာမှာ  ဒေသခံပြည်သူတွေ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက ဆေးကုခန်းတစ်ခု ထပ်မံ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

ဆေးခန်းအတွက် လိုအပ်မယ့် ဆေးဝါးနဲ့ ရောဂါကုသရေးဆိုင်ရာ ပစ္စည်းကိရိယာတွေပါ ထောက်ပံ့ခဲ့ပြီး ဒေသခံပြည်သူ ရပ်မိရပ်ဖတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးခန်းမှာ ဆေးကုသရေးပိုင်းအတွက် ကူညီဆောင်ရွက်ပေးသွားမယ့် CDM ဆရာဝန်နဲ့ သူနာပြုတွေကိုလည်း လစဉ် ထောက်ပံ့ကြေးတွေ ပေးပို့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

မြို့တော်လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး လေတပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ သောင်းချီ စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

လက်ရှိပြည်တွင်းက ဆေးရုံတွေမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာသုံးသပ်ဖော်ပြထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက်အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013