DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထုတ်ကုန် ဆင်မင်းဘိလပ်မြေ အိတ် ၁၅၀၀ သယ်လာသည့်ယာဉ်ကို KLDF က ဖမ်းဆီး
DVB
·
January 23, 2022
စစ်တပ်ထုတ်ကုန် ဆင်မင်းဘိလပ်မြေ အိတ် ၁၅၀၀ သယ်လာသည့်ယာဉ်ကို KLDF က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့ ရွှေဘို၊ မြစ်ကြီးနား၊ ဗျူဟာလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ထောက်တိုင်တခုဖြစ်တဲ့ ဆင်မင်းဘိလပ်မြေ အိတ် ၈၀၀ သယ်ဆောင်လာတဲ့ 7N/N2784 မော်တော်ယာဉ်အား ကောလင်းပြည်သူ့ ကာကွယ်ရေးတပ် (ပကဖ) က ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီလ ၂၂ ရက် ဒီကနေ့ ရက်စွဲနဲ့ KLPDF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၉ နာရီက စစ်ဆေးရေးပြုလုပ်စဉ် ဖမ်းဆီးမိတာဖြစ်ပြီး ပစ္စည်းပိုင်ရှင်ကိုတော့ နောက်နောင်မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ကူးသန်းရောင်းဝယ်ချင်း မပြုဖို့ သတိပေးတားမြစ်ခဲ့တယ်လို့  ထုတ်ပြန်ချက်ထဲမှာပါရှိ ပါတယ်။

ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်ကိုတော့ လူသားချင်းစာနာထောက်ထားလို့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက် ညနေ ၄ ကလည်း ဆင်မင်း ဘိလပ်မြေအိတ် ၇၀၀ တင်ဆောင်လာတဲ့ နောက်ထပ်ယာဥ်တစ်စီးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013