DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံး
DVB
·
January 23, 2022
ကသာမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နတ်လှိုင်ကျေးရွာအနီးလယ်ကွင်းမှာ  စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီလောက်က တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ကသာ PDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကော်စီတပ်က ကသာမြို့ထဲကို ထမ်းစင်တွေနဲ့ထမ်းပြီး ရပ်ကွက် (၅) သင်္ချိုင်းလမ်းကို ဝင်သွားကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး လက်နက်စထိမှန်ခဲ့ပြီး နတ်လှိုင်ရွာက လူနေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

၂ နာရီလောက်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့ ၃၀၂ တပ်ရင်းက ၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီး ၆ လုံးနဲ့ နတ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ တွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ လက်နက်ကြီးအစ ထိမှန်ထိခိုက်ခဲ့တာလို့ ကသာ PDF က ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့ဘက်က အကျအဆုံး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကသာ PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူ အင်မထီးရွာသားတဦး မနေ့ညက အသတ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ကျေးရွာသားတစ်ဦးကေ”စစ်ကောင်စီထောက်ခံနေသူတစ်ဦးလည်း ဖြစ်တယ်။ဒီရက်ပိုင်းအတွင်း ပျူစောထီး စစ်သင်တန်းဖွင့်ဖို့ လိုက်လံစည်းရုံးနေတယ်လို့တော့ သတင်းတွေထွက်နေတာတော့ကြာပြီပဲ။ အသတ်ခံရတာတော့ မနေ့ညပိုင်းက အသက်ခံလိုက်ရတာ။ ဘယ်အဖွဲ့က သတ်တာဆိုတာကိုကတော့ အတိကျမသိရဘူး။ မျက်နာတွေလည်း မျက်နှာဖုံးတွေစွပ်ထားကြတာ။ ဒေသတွင်း တော်လှန်ရေးသမားတွေ ကအကြိမ်ကြိမ်တော့ သတိပေးတာတွေရှိခဲ့တယ်။ သူကိုယ်တိုက်က ရှေ့ဆက်တိုးတာဆိုတော့ အသက်ခံရတာပေါ့” လို့ ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးတပ် PDF ခေါင်းဆောင် ကို ဖမ်ဆီးဖို့ရာ စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေစိုးမိုးမှုရအောင် နေ့စဉ်ဆိုသလို တောနင်းရှာဖွေ နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013