DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးကာလ ရန်ကုန်တက္ကသိုလ်မှ ဖမ်းဆီးခံထားရသူများစာရင်း စစ်တမ်းကောက်နေ
DVB
·
January 23, 2022
နွေဦးတော်လှန်ရေးကာလ ရန်ကုန်တက္ကသိုလ်မှ ဖမ်းဆီးခံထားရသူများစာရင်း စစ်တမ်းကောက်နေ
Donate to DVB

နွေဦးတော်လှန်ရေးကာလမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်မှ ဆရာတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေရဲ့ စာရင်းကို စစ်တမ်းကောက်ယူနေပါတယ်။

ဒီစစ်တမ်းကို တက္ကသိုလ်ကြားကာလကောင်စီက ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်သူတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေကို မှတ်တမ်းပြုစုဖို့အတွက် ကောက်ယူတာလို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဖမ်းဆီးခံရသူတွေ ကိုယ်တိုင်ဖြစ်စေ၊ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကိုယ်စားဖြစ်စေ စာရင်းဖြည့်သွင်းနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။

Google Docs ကတဆင့် ဖြည့်သွင်းမှုမှာတော့ ဖမ်းဆီးခံရသူရဲ့ အမည်၊ အသက်၊ ကျား/မ၊ အထူးပြုဘာသာ၊ အတန်းစတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့တကွ ဖော်ပြပါ https://bit.ly/3GW8QYO ကတဆင့်  စာရင်းဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်အုပ်စုရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးရသူတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က ယိုယွင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၉၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၁၆၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013