DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားသမ္မတနှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေး
DVB
·
January 23, 2022
အင်ဒိုနီးရှားသမ္မတနှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေး
Donate to DVB

မြန်မာအရေးနဲ့ပတ်သက်လာရင် အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့အကြောင်း အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကတိကဝတ်ကို တည်မယ့် ပုံမျိုး မတွေ့ရတာကို စိတ်ပျက်မိတယ်လို့လည်း အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ 

အာဆီယံအလှည့် ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကို   ဇန်နဝါရီ ၂၁ ရက်က တယ်လီဖုန်းခေါ်ဆိုရာမှာ အခုလို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာအရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ချဉ်းကပ်မှုဟာ အပြန်အလှန် သဘောတူညီချက်တွေအပေါ် အခြေခံဖို့ လိုအပ်ပြီး အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက်ကို အခြေခံထားရမယ်လို့ သမတ ဂျိုကိုဝီက ပြောခဲ့တယ် ဆိုပါတယ်။ 

မြန်မာပြည်ကို အာဆီယံကိုယ်စားလှယ် သွားရောက်ခွင့်ကို အာဏာသိမ်းစစ်တပ်က ခွင့်ပြုပြီးမှသာ  အာဆီယံ ကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားမှာ သံခင်းတမန်ခင်း ပေါင်းကူး ပေးနိုင်မယ်လို့လည်း ပြောပါတယ်။ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မညှိနှိုင်းဘဲ မြန်မာပြည်ကို သွားပြီး အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန်ပြန့် ဝေဖန်ခံနေရချိန်မှာ အာဆီယံခေါင်းဆောင်တွေကို ဆက်သွယ်စကား ပြောနေတာ ဖြစ်ပါတယ်။ 

အရင်တပတ်က စင်ကာပူဝန်ကြီးချုပ်နဲ့  စကားပြောတဲ့အချိန်မှာလည်း စင်ကာပူဝန်ကြီးချုပ်က မြန်မာပြည်မှာ အာဏာသိမ်း စစ်ကောင်စီက အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်မချင်း၊ လာမယ့် အာဆီယံ အစည်းအဝေးတွေကျရင် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အကြံပြုခဲ့ပါတယ်။

 Photo Credit- Hunsen

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013