DVB Logo
Home
မြန်မာသတင်း
Total နှင့် Chevron မြန်မာမှထွက်ခွာသည့်အပေါ် NUG ကြိုဆို၊ MOGEငွေစာရင်းသို့ မလွှဲအပ်ရန် တိုက်တွန်း
DVB
·
January 23, 2022
Total နှင့် Chevron မြန်မာမှထွက်ခွာသည့်အပေါ် NUG ကြိုဆို၊ MOGEငွေစာရင်းသို့ မလွှဲအပ်ရန် တိုက်တွန်း
1 / 2
Donate to DVB

အာဏာသိမ်းစစ်ကောင်စီကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှာပေးနေတဲ့  ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total Energies နဲ့ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်းနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဆီ ငွေစာရင်းမလွှဲဖို့ တောင်းဆိုထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ အဆိုပါကုမ္ပဏီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ချမှတ်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ရမှာဖြစ်ကာ သဘာဝဓာတ်ငွေ့ အခွန်အခတွေကို အစိုးရရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်(၁/၂၀၂၁)အရ ဒုတိယဝန်ကြီးက ညွှန်ကြားတဲ့ ငွေစာရင်းတွေဆီကိုသာ လွှဲအပ်ပေးပို့ကြရမယ်လို့ ဆိုပါတယ်။

Total Energies နဲ့ Chevron ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက မထွက်ခွာခင်အချိန်ထိ အဆိုပါ အမိန့်တွေအတိုင်း လိုက်နာသင့်ကြောင်းနဲ့ အထူးသဖြင့် တရားဝင် လုပ်ငန်းဆောင်ရွက်နေတဲ့ Total အနေနဲ့ ဓာတ်ငွေ့ဝယ်ယူတဲ့ PTT ကို ဝန်ကြီးဌာနက ညွှန်ကြားတဲ့ ငွေစာရင်းတွေဆီကိုသာ လွှဲအပ်ဖို့ အသိပေးအကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013