DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေအတွက် သရုပ်ဆောင်ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet ၃ လုံး ကံစမ်းဝယ်ယူနိုင်
DVB
·
January 22, 2022
တော်လှန်ရေးရန်ပုံငွေအတွက် သရုပ်ဆောင်ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet ၃ လုံး ကံစမ်းဝယ်ယူနိုင်
Donate to DVB

သရုပ်ဆောင် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသု ကိုယ်တိုင်ထိုးထားတဲ့ Crochet အိတ် ၃ လုံး ကို ကံစမ်းဝယ်ယူကြဖို့  ဖိတ်ခေါ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက်  ပါဝင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet အိတ် ၃ လုံးနဲ့ fundraising မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကံစမ်းမဲလက်မှတ်တစ်စောင်ကိုတော့ မြန်မာငွေကျပ် ၅၀၀၀၊ Cryptocurrency နဲ့ ဝယ် ယူလိုပါက တစ်စောင်ကို  3 USDT နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလမှာ ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူလူထုတွေ အပြင်းအထန် ခံစားခဲ့ကြရပါတယ်။

အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့လူနာတွေ စတင်တွေ့ရှိပြီး များပြား လာနေခဲ့သလို လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ ပြည် သူတွေလည်း များစွာကျန်ရှိနေတာကြောင့် နောက်ထပ် စတုတ္ထလှိုင်းနဲ့ ကြုံတွေ့မှာ စိုးရိမ် စရာဖြစ်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင် နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၁ သန်းခွဲကျော်ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။

ကံစမ်းမဲ ဝယ်ယူနိုင်မယ့် နိုင်ငံတကာမှ Official Fundraiser တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်။

Bliss in Action

https://web.facebook.com/Bliss-In-Action-112208411257000/

CDM Medical Network

https://www.facebook.com/CDM-Medical-Network-101846935455895

Chicago Burmese Multi-Ethnic Activists

https://www.facebook.com/ChicagoBurmeseMultiEthnicActivists

CRPH Funding Brunei

https://www.facebook.com/crphfunding.brunei

CRPH Funding Ireland

https://www.facebook.com/CRPH-Funding-Ireland-101823198732070

H.NANDAR.H

https://www.facebook.com/htoo.nandar.10

KTJ Supporting Group - Bangkok Thailand

https://www.facebook.com/www.ktjgroup.org/

Love to Share

Myanmar Global Support Foundation - MGSF

https://www.facebook.com/myanmarglobalsupportfoundation

Moon King

www.facebook.com/crphofficialfundraiser/ 

Onedollar donation for Myanmar Spring revolution 2021

https://www.facebook.com/Onedollar-donation-for-Myanmar-Spring-revolution-2021-106374871605641

Rise Again Myanmar - Korea

https://www.facebook.com/riseagainmyanmar

SpringrevoZ - where Donors and Donees Connect

https://www.facebook.com/springrevoz

Sydney Friends for Myanmar Unity

https://www.facebook.com/groups/sydneyfriendsformyanmarunity

UCare Myanmar

https://www.facebook.com/UCare-Myanmar-104627861859218

Voice For Justice

https://www.facebook.com/voiceforjusticejapan

We For All

https://www.facebook.com/We-For-All-107916501448448

We Pledge CDM

https://www.facebook.com/WePledgeCDM

Win YM

https://www.facebook.com/winyumaw

Zarmani

​​နွေဦးရဲ့တွဲလက်များ - Thailand

https://www.facebook.com/1221nwayootawhlanyay

ဗြဟ္မစိုရ်နှလုံးသား ပရဟိတအသင်း(Nagoya)

https://www.facebook.com/profile.php?id=100060907695425

ရုန်းထွက်စို့

https://www.facebook.com/yonehtwet

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013