DVB Logo
Home
မြန်မာသတင်း
မင်းဘူးအခြေစိုက် သတင်းထောက် ဦးတင်ရွှေကို ထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
January 22, 2022
မင်းဘူးအခြေစိုက် သတင်းထောက် ဦးတင်ရွှေကို ထောင်ဒဏ် ၃ နှစ်ချမှတ်
Donate to DVB

မကွေးတိုင်း၊ မင်းဘူးအခြေစိုက် မကွေးပို့(စ်) သတင်းထောက် တင်ရွှေ(မင်းဘူး)ကို ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ နယ်ခံ သတင်းထောက်တွေထံက သိရပါတယ်။

သတင်းထောက် တင်ရွှေ(မင်းဘူး)ကို သွေးထိုးလှုံ့ဆော်မှု ပုဒ်မ-၅၀၅(ဂ)နဲ့ မနေ့က ထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့ မကွေးတိုင်းအခြေစိုက် သတင်းထောက် တစ်ယောက်က ပြောပါတယ်။

မင်းဘူးမြို့မှာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်တစ်ခု ပြုလုပ်ခဲ့တာကို လူမှုကွန်ယက်စာမျက်နှာမှာဖြန့်ဝေခဲ့လို့ ရဲစခန်းက ခေါ်ယူစစ်ဆေးရမှာ ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာစသိမ်းပြီးကတည်းက သတင်းဌာနတချို့ကို ပိတ်သိမ်းတဲ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီးတော့ သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ချင်လို့ လုပ်တာဖြစ်တယ်လို့ နယ်ခံ သတင်းသားတဦးက ပြောပါတယ်။

“ကျနော်တို့ သတင်းမီဒီယာသမားတွေက ဘာရာဇဝတ်မှုမှ ကျူးလွန်နေကြတာ မဟုတ်ဘူး။ ပြည်သူလူထုကို နေ့စဥ်ဖြစ်ပျက်နေနဲ့ သတင်းမှန်တွေသိရှိအောင်လို့ မြေပြင်အခြေအနေတွေကို စုံစမ်းမေးမြန်းပြီးတော့မှ ရေးသားတင်ပြကြတာဖြစ်တယ်"လို့ ပြောပါတယ်။

သတင်းထောက် တင်ရွှေ(မင်းဘူး)ဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ အလွတ်တန်းသတင်းထောက်အနေနဲ့ သတင်းရေးသားခဲ့သလို ဖမ်းဆီးခံရတဲ့အချိန်မှာ တိုင်းအတွင်းသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ မကွေးပို့(စ်)သတင်းဌာနမှာ သတင်းရေးသားနေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013