DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်၏ ကိုယ်စားလှယ်ကိုလက်မခံရန်နှင့် ထိရောက်စွာအရေးယူရန် OIC ကို တိုက်တွန်း
DVB
·
January 22, 2022
မြန်မာစစ်ခေါင်းဆောင်၏ ကိုယ်စားလှယ်ကိုလက်မခံရန်နှင့် ထိရောက်စွာအရေးယူရန် OIC ကို တိုက်တွန်း
Donate to DVB

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်စေလွှတ်တဲ့ကိုယ်စားလှယ်ကို လက်မခံဖို့နဲ့ စစ်ခေါင်းဆောင် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ထိထိရောက်ရောက် အရေးယူဖို့ အစ္စလမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို နွေဦးတော်လှန်ရေးမြန်မာ မွတ်စလင်မ်ကွန်ရက် (SRMMN) က ပန်ကြားလိုက်ပါတယ်။

နိုင်ငံတကာတရားရုံးတွေမှာ မြန်မာစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို တရားစွဲဆိုထားတဲ့ ဖိအားတွေ လျော့ပါးသွားစေဖို့ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို OIC နိုင်ငံတွေဆီ စေလွှတ်တာနဲ့ပတ်သက်ပြီး  နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်က ဇန်နဝါရီ ၂၁ ရက်မှာ သဘောထား ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီ ကိုထွန်းကြည်က “အခုလိုထုတ်ပြန်ရတာက စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က ၂၀၁၇ ခုနှစ်တုန်းကလည်း  လူမျိုးတုံးသတ်ဖြတ်မှုတွေစလုပ်လာခဲ့တာ အခုဆိုရင် လူနည်းစုကော လူများစုကောပါမချန် သူ့ကို ဆန့်ကျင်သူအားလုံးကို အလုံးအရင်းနဲ့ သတ်ဖြတ်မှုတွေပြုလုပ်နေပြီ၊ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်နေခဲ့ရုံတင်မက အခုလည်း တိုင်းပြည်ထဲမှာပဲ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်တာတွေ ဒီနေ့အထိဆက်လုပ်နေတုန်းပဲဖြစ်တယ်။  အခုဆိုလာမယ့် ဖေဖော်ဝါရီလမှာလည်း  ICJ တက်ရတော့မှာ ဖြစ်တာကြောင့်၊ မွတ်စလင်နိုင်ငံတွေကို ဦးဌေးအောင်ကိုလည်း မွတ်စလင်ဖြစ်နေတဲ့အပေါ်မှာ အသုံးချပြီး OIC နိုင်ငံတွေကို သံတမန်ပတ်စ်ပို့ ထုတ်ပေး စေလွှတ်ပြီး အကြောလျှော့ခိုင်းတယ်၊ တဘက်မှာ ICJ လည်း ဂရုမစိုက်ဘူး။ ICC လည်း ဂရုမစိုက်ဘူးဆိုပြီး လက်တွေ့မှာတော့ ဦးဌေးအောင်မွတ်စလင်ဖြစ်မှုအပေါ်မှာ အသုံးချပြီးလုပ်နေတာကို တွေ့ရတယ်” လို့ ပြောပါတယ်။  

ဦးဌေးအောင်ဟာ မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းကို ကိုယ်စားမပြုတဲ့အပြင်  မြန်မာပြည်သူတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ ထိခိုက်နာကျင်မှုနဲ့  အကျိုးစီးပွားတွေကို မျက်ကွယ်ပြုပြီး စစ်ခေါင်းဆောင်ရဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင် လာရောက်မယ့် ခရီးစဉ်ဖြစ်တယ်လို့လည်း ကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး ဦးဌေးအောင်ဘက်က ပြန်လည်တုံ့ပြန်တာမရှိသေးသလို သူ့ရဲ့ OIC နိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အသေးစိတ်ကိုလည်း မသိရသေးပါဘူး။ 

ရိုဟင်ဂျာအပေါ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ဆန့်ကျင် ကျုးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)၊ နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court – ICC) နဲ့ အာဂျင်တီးနား အပါအဝင် နိုင်ငံတကာတရားရုံးတွေက စစ်ခေါင်းဆောင်တွေကို တရားစွဲထားတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်ဟာ စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာနိုင်ငံ အနှံ့အပြားကနေ တော်လှန်ဆန့်ကျင်ခဲ့ကြတဲ့ မြန်မာမွတ်စလင် နယ်ပယ်အသီးသီးက လူတန်းစားအစုံနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ရက်တခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013