DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ရဲကင်းတခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ဖွဲ့ပူးပေါင်းတိုက်ခိုက်၊ ရဲတစ်ဦး သေဆုံး
DVB
·
January 22, 2022
ပခုက္ကူ ရဲကင်းတခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ဖွဲ့ပူးပေါင်းတိုက်ခိုက်၊ ရဲတစ်ဦး သေဆုံး
1 / 2
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့၊ တပ်မလမ်းပေါ်ရှိ ရဲကင်းကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုကို Young Force(UG)၊ မဟာမိတ် Earthquake people’s defense force နဲ့ Defense Tean Pakokku တို့ ၃ ဖွဲ့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့ Young Force(UG)ကသိရပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီဘက်က ရဲကင်းအနီး လမ်းမပေါ်နဲ့ မြို့ရှောင်လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာပြည်သူတွေကို စစ်ဆေးဖမ်းဆီးရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖြစ်စဉ်ကို မြင်တွေ့လိုက်သူတစ်ဦးက “စကစတွေက လျှောက်ဖမ်းနေတာပါ။ ပစ်တဲ့သူတွေက ပစ်ပြီးထွက်ပြေးတာ အဖွဲ့လိုက်ကြီး ထွက်ပြေးတာလိမ့်နေတာပဲ။  စကစတွေ လျှောက်ဖမ်းတဲ့အချိန်ကျ ဟိုက သူတို့စခန်းတောင် ရောက်နေလောက်ပြီ။ တကယ်လုပ်တဲ့သူကို  အမိအဖမ်းနိုင်ဘဲနဲ့ တွေ့ကရာလူ လိုက်ဖမ်းနေတာတော့ မကောင်းဘူး” လို့ ပြောပါတယ်။

ပခုက္ကူပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့အနေနဲ့ ရဲကင်းကိုပစ်ခတ်အပြီးမှာ သက်ဆိုင်ရာစခန်းတွေကို  ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

“မဟာမိတ်ညီနောင်များအားလုံး သက်ဆိုင်ရာအခြေစိုက်စခန်းများသို့ ဘေးကင်းစွာဆုတ်ခွာပြီးဖြစ်ပါသည်။ အဆင်သင့်ဖြစ်တဲ့တစ်နေ့ ပြန်လာခဲ့ပါမယ်၊ လက်သည်းဆိတ်ရင်လက်ထိပ်နာတယ်” လို့ Young Force(UG) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ မနက်က ပခုက္ကူခရိုင် ကမ္မမြို့အနောက်ဘက် သာကြီးတောင်ရေနံမြေစခန်းက တပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က တောနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း ပခုက္ကူရဲစခန်းအနီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားတဲ့မိုင်းကို ပြည်သူတစ်ဦးက ကောက်ယူသွားခဲ့တာကြောင့် မိုင်းခွဲ Mission မအောင်မြင်ခဲ့ဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013