DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့က စစ်ကောင်စီတပ်ရှိရာ နေရာအများအပြား ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
January 20, 2022
မုံရွာမြို့က  စစ်ကောင်စီတပ်ရှိရာ နေရာအများအပြား ဗုံးခွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က မနက် ၁၁ နာရီကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်ရှိရာအနီး နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုလို ဗုံးခွဲတိုက်ခိုက်ရတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့လယ်ဇင်ကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ မြို့ပြပြောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Monywa Nightking အဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

“ဟိုနေ့က လယ်ဇင်ကျေးရွာဖြစ်သွားတဲ့ ကိစ္စမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရော၊ ပြည်သူအားလုံးဝမ်းနည်းကြေကွဲရတယ်။ ကျနော်တို့ကတော့ ဖိရင်ကြွမယ်၊ ထိရင်ချမှာပဲ။ အခုလည်း ဒီကိစ္စအပေါ် လက်တုံ့ပြန်တဲ့ သဘောပဲ။ လယ်ဇင်ရွာ ဝင်စီးခံရတဲ့နေ့ကလည်း နေရာတော်တော်များများမှာ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာရှိတယ်။ နောက်ရက်တွေမှာလည်း တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနေ့တွေကဆိုရင် ကျနော်တို့ရဲဘော်တွေ အသက်အပိုမပါခဲ့သလို အသက်စွန့်ပြီး စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီရှိတဲ့နေရာတွေမှာ Mission တွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့ကိစ္စတွေမှာ လုံခြုံရေးအရ Page တွေက မထုတ်ပြန်ပေမယ့် အများပြည်သူအကုန်သိအောင်လုပ်ပေးပါတယ်။ အခု mission ကတော့ နေရာတော်တော်များများ ပြုလုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မြဝတီရပ်ကွက်က မိုးကောင်းဂိတ်မှာ တိုက်ခိုက်ခဲ့တာ စစ်ကောင်စီအဖွဲ့တွေ ထိခိုက်တာတော့ သေချာတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးဘူး။”

စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ရာမှာ ပြည်သူမထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြုလုပ်ရတာဖြစ်သလို လက်နက်အင်အား မပြည့်စုံမှုကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ဗျာ ပြည်သူ့လုံခြုံရေးအတွက် ရှောင်ရှားရတာကြောင့်ပါပါတယ်။ ကျနော်တို့ ထုတ်ပြန်အသိပေးမေတ္တာရပ်ခံချက်ကို မြို့ခံတချို့က မလိုက်နာတာလည်း ပါတယ်။  နောက်ပြီး လက်နက်တပ်ဆင်ဖို့ ဖန်ငွေစီးဆင်းမှု မလုံလောက်တာရယ်ကြောင့် Mission တွေ တော်တော်များများ ပျက်ပြားခဲ့ရတာရှိတယ်။ ကျနော်တို့မှာ Plan တွေရှိပေမယ့် အခုအနေထားက ရှိတဲ့ပစ္စည်းလေးနဲ့ လုပ်နေရတာမို့ ဖြစ်နိုင်ရင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အားလုံးကို လက်နက်တပ်ဆင်ပေးဖို့ အရေးတကြီးလိုအပ်ပါတယ်” လို့ သူက ထပ်မံပြောကြားပါတယ်။

ဇန်နဝါရီ ၁၉ နေ့က မနက် ၁၁ နာရီကစပြီး ညနေချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးနေကျဖြစ်တဲ့ မုံရွာမြို့က ဘိုးဘွားရိပ်သာဝိုင်းပတ်အနီးမှာ ဗုံး ၂ လုံး၊ နယ်မြေရဲစခန်းအနီးမှာ ၁ လုံး၊ စက်မှုဇုန် ခန်းမမှာ ၂ လုံးနဲ့ မြို့ပတ်လမ်းမှာ ၁ လုံး စဖြင့် နေရာအသီးသီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Nightking က တရားဝင်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ Monywa Nightking၊ AfC Monywa၊ မုံရွာသံမဏိမှ ဗိုလ်အောက်ဆွဲအဖွဲ့၊ Monywa The Boys ၊ Monywa Ninja (မုံရွာ နင်ဂျာ) နဲ့  Monywa Phoenix Warrior အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ညနေက မုံရွာမြို့နယ် လယ်ဇင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့တွေက သာလွန်အင်အားနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့သလို ၅ ဦးဖမ်းဆီးခံခဲ့ရပြီး စခန်းကိုလည်း မီးရှို့ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013